Professional Authors
ဖြစ်တည်ခြင်းဟုခေါ်ဆိုသည်…….(terry)
ရုတ်တရက်ပဲ
ဝုန်းဒိုင်းကြဲ……
ဒါအသဲကွဲတယ်ဆိုတာသိမှ
မျက်ရည်တွေထဲ
ကွန်တစ်ပစ်ကြဲလိုက်တယ်…။
ဟော….ငါ့ဗီဇမှာ
ပုန်းနေတဲ့ကဗျာတွေ
အတုံးအရုံးကိုပါလာတယ်…။
အဲ့ဒီအချိန်မှစ…
ရှုးသွပ်စွာကိုးကွယ်လိုက်တယ်။
တွက်ချက်ရမယ့်အရှုံးအမြတ်လား…
ခုထိမခန့် မှန်းတတ်သေးပါဘူး….
ကျုပ်ကိုကရွှေခိုးမသင်ချင်တာပါ။
စီးပွားရေးဆန်ဆန်
ရှင်သန်ဖို့ ဆိုရင်တော့….
ဂဏန်းတွက်စက်ကိုပဲ
ဆရာတင်လိုက်မယ်…။
ကိုယ်ပိုင်ရင်ခုန်ခြင်းကို
ပြန်လည်စစ်ခင်းခဲ့သူပါ….။
ကဗျာကိုပဲလိုချင်တာ
မိုက်မဲတယ်တဲ့လား……..
ကြိုက်သလိုသတ်မှတ်
ကျုပ်အတွေးက
အလင်းရောင်ကိုမှမလိုအပ်တာ။
ကဗျာဟာငါ့အတွက်
အစားအစာမဟုတ်ပေမယ့်
စိတ်ဓာတ်ရဲ့ရှင်သန်ခြင်းအဟာရ
အပြည့်အ၀ရတယ်…။
ရှုသွင်းစရာလေမဟုတ်ပေမယ့်
အတွေးအခေါ်ရဲ့ ခံစားချက်
အောက်စီဂျင်ထက် လတ်ဆတ်စေတယ်…..။
မျက်စိမှိတ်လိုက်ပြီဆိုကတည်းက
ခေါင်းရမ်းဖို့ အသင့်ဖြစ်နေမှန်း
သိပြီးသားပါ……
လွဲမှားတဲ့အမြင်ဆိုတာ
လိုသလိုသုံးဖို့ တော့
ဆင်ခြေတွေကို
အလွတ်ကျက်မထားပါဘူး..
အများညီလို့ 
ကျွဲဖြစ်ချင်ဖြစ်မယ်….
……
ဒါပေမယ့်…………….
ငါ့ကမ္ဘာကို………
ငါ့ကဗျာနဲ့ တည်ဆောက်ထားတယ်။
                                            terry(1.4.2011)
In: ကဗျာ Posted By: Date: Apr 2, 2011
Comment #1
မျက်စိမှိတ်လိုက်ပြီဆိုကတည်းက
ခေါင်းရမ်းဖို့ အသင့်ဖြစ်နေမှန်း
သိပြီးသားပါ……
လွဲမှားတဲ့အမြင်ဆိုတာ
ကွဲပြားတဲ့ရှု့ ထောင့်ကြောင့်ပဲ ဖြစ်တယ်။
လိုသလိုသုံးဖို့ တော့
ဆင်ခြေတွေကို
အလွတ်ကျက်မထားပါဘူး..
အများညီလို့ 
ကျွဲဖြစ်ချင်ဖြစ်မယ်….
……
ဒါပေမယ့်…………….
ငါ့ကမ္ဘာကို………
ငါ့ကဗျာနဲ့ တည်ဆောက်ထားတယ်။
………..
အရမ်းကြိုက်တယ်…အားပေးနေတယ်…
commentinfo By: အသဲကွဲမိုး at Apr 2, 2011
Comment #2
လိုသလိုသုံးဖို့ တော့
ဆင်ခြေတွေကို
အလွတ်ကျက်မထားပါဘူး..
မကျက်ထားလဲ ဆင်ခြေပေးနေကျဆိုတော့ကျက်ထားသလိုပါပဲ………ဟဲဟဲ…..
ကောင်းပါတယ်အားပေးသွားတယ်။
commentinfo By: Kyaw Tint at Apr 13, 2011
Comment #3
ကဗျာဟာငါ့အတွက်
အစားအစာမဟုတ်ပေမယ့်
စိတ်ဓာတ်ရဲ့ရှင်သန်ခြင်းအဟာရ
အပြည့်အ၀ရတယ်…။
ရှုသွင်းစရာလေမဟုတ်ပေမယ့်
အတွေးအခေါ်ရဲ့ ခံစားချက်
အောက်စီဂျင်ထက် လတ်ဆတ်စေတယ်…..။
မိုက်တယ်
commentinfo By: စုနိုင် at Sep 17, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment