Professional Authors

မဟူရာအိပ်မက် (နှောင်ကြိုးသစ်)

သံစဉ်တွေကို ဆေးခြယ်

လေနှင့်အတူ အခန်းဖွဲ့ဖိ

မျိုချမိတဲ့ မျက်ရည်တွေ

ရင်ထဲမှာ မုန်တိုင်းထန်ကြ

ကောင်းကင်ကို မော့သောက်နေတဲ့

ရင်ခွင်ဟာ ပျိုမြစ်သူတစ်ယောက်

ဧည့်သည်က တံခါးမခေါက်ပဲ

ဝင်လာခဲ့….

ဆည်းဆာရဲ့ သွေးညှီရနံ့နဲ့

ဧည့်ခံမိ….

အတ္တ၏ သံစဉ်ချိုမှာ

ကမိခဲ့တဲ့ ကချေသည်

အရုဏ်ဦး ဗုံသံမှာ

ကခုန်ရင်းလဲကျ

သံစဉ်မပါတဲ့ အကြည့်မုန်တိုင်းအောက်

နစ်မြုပ်သွားချေပြီ….

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

oh my god,

commentinfo By: ei lay at Aug 22, 2011
Comment #2

pa loneeeeeeeeeee
pa loneeeeeeeeeeeee

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment