Professional Authors

ဝန်ခံခြင်း

ခြုံလွှာပါးပါး
လွှမ်းထားတဲ့ညက
ငါ့ကိုငုံ့ကြည့်ရင်း ပြောတယ်
နင် ကဗျာရေးနေတာမဟုတ်ဘူးတဲ့
ကဗျာက နင့်ကိုရေးနေတာတဲ့ …..။

တစ်ဝက်တစ်ပျက်ကြွေနေတဲ့

သန်းခေါင်ယံကြယ်တစ်ပွင့်ကခဏရပ်ရင်း ပြောတယ်
နင် အသုံးချနေတဲ့ နာရီလက်တံတွေ
နင့်ကို ပြန်လှည့်နေပြီတဲ့….။
ခဏတာဆိုက်လာတဲ့
သတိတရားလေးကအသိပေးတယ်…။
နင့်ရင်ခုန်သံတွေက
သဘာဝက အန်ကျလာတဲ့
မုသားဖော်စက်ပဲတဲ့…။
ရုတ်တရက်မို့
အထိတ်တလန့်
တိုးတိတ်စွာငါ
ငါပြန်သုံးသပ်ကြည့်ပါတယ်….။
ပဟေဠိကိုအဖြေညှိပြီး ငါ ခပ်ဟဟကလေး ရီမိတယ်…။
ဒီတော့ လမင်းကြီးက အလှပဆုံး
မပွင့်တပွင့် အပြုံးနဲ့ ပြုံးပြတယ်…။
မုဆိုးကသားကောင်ဖြစ်သွားပေမယ့်
ဒီပင်လယ်ပြင်ကြီးကို ဘာဝဲဂယက်နဲ့ပဲတွေ့တွေ့
ခြေကုန်လက်ပန်း မကျမချင်း…
ကြည်နူးစွာနဲ့ ငါလက်ပစ်ကူးလိုက်ဦးမယ်….။

In: ကဗျာ Posted By: Date: Aug 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment