Professional Authors

ည(၉)

အခုည ဂီတာတီးတယ်

ဆွေးဆွေးမြည့်မြည့်နဲ့ သီချင်းတစ်ပုဒ် ဟစ်တယ်

ဒါပေမယ့် လွမ်းလို့တော့ မဟုတ်ဘူး

ငါတီးခတ်တဲ့ သံစဉ်မှာလည်း

ဘာအလွမ်းမှရှိတာ ငါမမြင်ဘူး…..

 

အတွေးတွေ စားကျက်ပျောက်နေတာ သက်သက်နဲ့

ပြင်းပြင်းရှိ ဂစ်တာတစ်လက်

ရင်ဝယ်ပိုက်တာ…….

ပြီးတော့ သီချင်းတော့

မဆိုတက်ပါဘူး ဒါပေမယ့်

ခံစားချက်က သူပဲဆိုနေတော့

ငါမျက်လုံးစုံမှိတ်ပြီ ရင်ဘတ်နဲ့

စည်းချက်လိုက်နေမိရဲ့

 

မကြာခင် လပြည်တော့မယ်….

လမင်းကြီးကို ငေးလို့

ဘာသီချင်းတီးလို့ ဘာသီချင်းဆိုနေမှန်းမသိခဲ့

ဟော့ဒီ လွင့်နေတဲ့ စိတ်တွေ ဆွဲသိမ်းပြီး

ဒီရင်ဘတ်ထဲ ထည့်

နောက်ပြီး သီချင်းတစ်ပုဒ် ဆုံးအောင်

ညည်းလိုက်……

 

ဘာဖြစ်ဖြစ် …နားထောင်တဲ့ သူမရှိလည်း

ငါရှေ့မှာက လမင်းကြီးက ငြိမ်ငြိမ်လေးနဲ့ပါ

နားထောင်နေတယ်လို့ မထင်ပါနဲ့

ဒါပေမယ့်…

သူကိုမြင်တော့ အားရှိတယ်ခင်ဗျ

ဘာဖြစ်ဖြစ် ညဘက်က

အိပ်လို့ မရတာ က ရောဂါတစ်ခုလိုပဲ

အခုညတော့ အလွမ်းကို ခဏထားခဲ့တယ်

သံစဉ်တွေ ဦးသွားလို့….

မှီရာ ရထားနဲ့ တော့ လိုက်မလာနဲနော်

အလွမ်းဆို အိပ်ပျက်မှာ ကြောက်တယ်….

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

mike de kwar,,
he,,he,,,
kyike de,
hme yar ya htar phyit phyit kar pyit pyit ne like ke hmar naw.
htar ke loh shi yin pyaw par de,

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment