Professional Authors

အစက ဘယ်သူမှားလဲ

မင်းနဲ့ မဆုံဖြစ်ရင် ငါနေ့ရက်တွေဟာ
ဘယ်လို ကုန်ဆုံးမယ်ဆိုတာ သိကြားမင်း စီစဉ်ထားပေးပြီ
အခုတော့ မသေချာ မရေရာ လေနှင်ရာ မျှောလွင့်မယ့်
တိမ်တွေလို နေမှာ ။
မင်းမရှိတဲ့ နေ့ရက်များ က
အမြဲလိုလို ခြောက်ကပ်ကပ် ငြီးငွေ့စရာ အပြည့်
နေ့စွဲများကို ဘယ်သို့ ဘယ်လို ကုန်ဆုံးစေမယ်
မင်းမရှိတဲ့ ၂၄နာရီ ငါ ဘယ်လိုကုန်ဆုံးစေမယ်
ငါ ဘာလုပ်ရင်ကောင်းမလဲ ကူညီကြပါ
၂၄ နာရီ မဆိုနဲ့ မိနစ် အနည်းငယ် မင်းမရှိတုန်းက
ငါ မနေတတ်ဘူးလေ ။
အရှေ့အရပ်က နေထွက်လာ အနောက်အရပ်ကို ၀င်သွားတာ
ငါ သေချာမြင်လိုက်တယ် အရှေ့ နဲ့ အနောက်ကြား
အကွာအဝေးကို နေမင်းကြီး ဘယ်လို ဖြတ်သန်းသွားတာ
ငါ သေချာ သိလိုက်တယ် ။
နေမင်းကြီးက တာဝန် ကျေစွာ အနောက်ဖက်ကို ၀င်သွားတာနဲ့
လမင်းကြီးက တာဝန် သိစွာ ညတာ ဖျော်ဖြေဖို့
ငါ့ကို အဖော်လာခေါ် လို့ ငါ လိုက်သွားတုန်း
မင်း မရှိဘူး မင်း မသိဘူးလေ
လမင်းကြီးကို အဖော်လိုက်ရင်း နေမင်းကြီး ဖြတ်ခဲ့တဲ့
လမ်းကြောင်း ခရီးအကွာဝေးကို လမင်းကြီးပြောပြတယ်
မင့်း ကို ပြော ပြ ရင် ယုံ မလား
ဘယ်လို ယုံနိုင်မလဲ အဲဒီတုန်းက နင်မရှိဘူးလေ။

ဒါတွေကို မင်း မသိပါဘူး မင်းမှ မရှိတာကို
ငါ ကဗျာရေးနေပြီ ဆိုတာလည်း နင် မသိဘူးလေ
အစကတည်းက ငါမှ မပြောမိတာ
” မင်း ရှိရင် သိပ်ကောင်းမယ် “
အတူရင်ဆိုင် ဘ၀ကို ထုဆစ်ကြမယ်
စိတ်ကူးရုံနဲ့ အပျော်ကြီး ပျောမိတယ်
အခုလို မင်း မရှိဘဲး မင်း မပါဘဲး မင်း မသိဘဲး
ငါ…. ပြီးပါပြီ် အစက ဘယ်သူမှားတာလဲ
အခုတလော င့ါ အိပ်မက်တွေလည်း
ယောင်ဝါးဝါး သြော်…………..အိပ်မက်ကလည်း
အိပ်မက်ကို သိပ်အယူအသီးမလုပ်နဲ့လေ ။

In: ကဗျာ Posted By: Date: Apr 1, 2011
Comment #1

ကောင်းပါတယ်…
မင်းနဲ့ မဆုံဖြစ်ရင် ငါနေ့ရက်တွေဟာ
ဘယ်လို ကုန်ဆုံးမယ်ဆိုတာ သိကြားမင်း စီစဉ်ထားပေးပြီ
အခုတော့ မသေချာ မရေရာ လေနှင်ရာ မျှောလွင့်မယ့်
တိမ်တွေလို နေမှာ ။

commentinfo By: genius.jinx28 at Apr 2, 2011
Comment #2

sar thar tway ko copy chin loz par.. kwint pyuu par fri 🙂 plz

commentinfo By: No One(SA) at Oct 6, 2011
Comment #3

so much like,
so much touching

commentinfo By: ei lay at Jul 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment