Professional Authors

လပြည့်ညရဲ့ လောကဓံ

လပြည့်ညလေး ရောက်ခဲ့ပေမဲ့
မပျော်နိုင် အဆွေးတွေနဲ့
တိမ်လွှာရိပ်မှာ ခစားရင်း
နတ္တော် လပြည့် ဆယ်ရက်နေ့က
မေတ္တာတွေလည်း ဝေးခဲ့
ချစ်သဒ္ဓါတွေလည်း ဆွေးခဲ့လို့
လမင်းကြီးလည်း လကြတ်သွားခဲ့တယ်လေ…..။

သိပ္ပံပညာရှင် အငိုက်မိခိုက်
လမင်းကြီးက ဟန်ရေးပြရင်း
မာယာပင်လယ်အော်မှာ
ဆော့ကစားလို့ အသိမကြွယ်တဲ့
ကမ္ဘာ့အလယ်မှာ မေတ္တာငတ်
သစ္စာငတ်နဲ့ နတ္တော်လကြတ်ခဲ့ပြီလေ…။

ခေတ်စနစ်တွေ ပြောင်းလွဲလာစ
ဥပဒေတွေနဲ့ ကမ္ဘာ့အလယ်တင့်စေဖို့
နည်းစနစ်သစ်တွေ တီထွင်ရင်း
အတွေ့ကြုံတွေ ရင့်ကျက်စေဖို့
သွားလမ်းလာလမ်းတွေ ဖွင့်လှစ်ခဲ့
မကြာသော နေ့ရက်တွေက
လမင်းကို အကြောင်းကြားရင်း
သက်သေတစ်ခု အသိမှတ်ပြုခဲ့
အဲဒီနေ့က တိုးတက်မှုကို
အားပေးထောက်ခံခဲ့ရင်း သက်မဲ့တွေတောင်
နှစ်သက်အားကျလို့ နတ္တော်လပြည့်
လကြတ်တဲ့နေ့ ဖြစ်ခဲ့တယ်လေ…။

အသိပေးချင်တယ် အသိမရှိတဲ့နေ့
မေတ္တာတွေလည်း ပျောက်
သစ္စာတွေလည်း ပျောက်
ကတိတွေလည်း ပျောက်
လျစ်လျူရှုသော ရင်ခွင်အောက်မှာ
အထီးကျန် လကွယ်ညရောက်ပြီတဲ့…။

ဒါပေမဲ့….
လောကဓံ အချိုးအကွေ့တွေကြားမှာ
သက်ရှိသက်မဲ့ မခွဲခြားတဲ့
ရလာဒ်တွေနဲ့ လပြည့်နေပါစေအုန်း
ခဏတော့ လကြတ်နေအုန်းမယ်
အဲဒီအချိန် လောကဓံတိုက်စစ်ကို
ခံနိုင်ရည်အပြည်နဲ့ ရုန်းထလို့
လမင်းကြီးက တိမ်စိုင်တွေ
မြူခိုးတွေကြားမှာ အေးမြခြင်းတွေ
ကမ္ဘာပေါ်ကို ဖြန့်ဖြူးနေအုန်းမယ်တဲ့….။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Dec 11, 2011
Comment #1

အသိပေးချင်တယ် အသိမရှိတဲ့နေ့
မေတ္တာတွေလည်း ပျောက်
သစ္စာတွေလည်း ပျောက်
ကတိတွေလည်း ပျောက်
လျစ်လျူရှုသော ရင်ခွင်အောက်မှာ
အထီးကျန် လကွယ်ညရောက်ပြီတဲ့…။

commentinfo By: May Kha at Dec 11, 2011
Comment #2

အခုလို အားပေးမှုကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ…
နောက်လည်း အားပေးပါအုန်း ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment