Professional Authors

ပန်းတိုင်မဲ့စည်း (ဆူးနစ်ရင်)

တစ်နေ့သောခါ   သွားလာရာဝယ်
တွေ့လာမြင်ကွင်း  စိတ်ကိုချဉ်းသည့်
တွေးမိတစ်စ  ငါ ပြောပြမည်
မျှဝေခံစား  သူငယ်ချင်းများ။

လူယဉ်ရထား  ပျားပန်းခတ်မျှ
သွားလာကြသည့်  လမ်းမဘေးဝယ်
ဆိတ်ငယ်တစ်ထွေး  မောင်းနှင်ပေးသူ
ထိုထိုလူသည်  စိတ်ပူပြီးသော်
လမ်းပေါ်တစ်လျှောက်  မရောက်ခြင်းငှာ
ကြိမ်ကြိမ်ခါခါ  ရိုက်နှက်ပါလည်း
ရှေ့မှာလမ်းခင်း  မရှင်းကြောင်းတည့်။

လမ်းကြောင်းရှင်းရှင်း မရှင်းရှင်းသည်
သူ၏အလုပ်  မဟုတ်ငြားဟု
ဘေးကားမရောက်  မကွေ့ကောက်ရန်
ငါ့ဝန်တာသာ  ဖြစ်စွာစိတ်ကူး
ရည်စူးထား၍  ဆိတ်သားတစ်အုပ်
ရိုက်နှက်ပုတ်၏။

ထိုနည်းနှင်နှင်  ငါတို့လျှင်လည်း
တွေးဆမြဲစေ မျှဝေခံစား
သူငယ်ချင်းများ . . . ။       ။

In: ကဗျာ Posted By: Date: Aug 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment