Professional Authors

အလကားကောင်တွေထဲ တ တစ်ကောင်ရေးတဲ့ စာ

တောင်းဆိုမှုမရှိတဲ့ ပေးဆပ်ခြင်းဟာ တစ်ခါတစ်ရံမှာ အလွန်တစ်ရာ ချစ်စရာကောင်းပြီး တစ်ခါတစ်ရံ ငပေါကြီး ဖြစ်နေတတ်တယ်..

ရယူပိုင်ဆိုင်မှုကို မကြိုးစားနိုင်တဲ့  ..မဖြစ်နိုင်တဲ့ ..လူညံ တွေ က အချစ်ကို ပေးဆပ် ခြင်းခေါင်းစဉ်တပ်ချင်ကြတယ်..

အဲထဲ ငါပါသွားလို့  ကမ္ဘာကြီး အတွက် ဘာမှ ထူးမသွားဘူး..ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်ဘူးဆိုရင်..

သတိရ မှုတွေ မေ့ပစ်ချင်တယ်..ဂငယ် လို သတိတရနဲ့  မေ့ ပစ်ရမယ်ဆို..

ပျင်းပျင်းရှိတိုင်း သူမ ဆီ စိတ်တွေ ရောက်နေတာ သူမဟာ အပျင်းဖြေ စရာ ဖြစ်သွားခြင်းဆို..

ငါ အတွက်ကြေကွဲစရာ တွေ ပေါ့…ဘာရယ် မဟုတ် စာကောက်ရေးတိုင်း သူမ ပါ နေတတ်တာ…

ဘာရယ်မဟုတ်မှန်းမသိ ဘာကောင်မှန်းမသိတဲ့ သူတစ်ယောက်ရဲ့ ..အချစ်ပေါ့

In: ကဗျာ Posted By: Date: Aug 3, 2011
Comment #1

hin…
don’t think like that.

commentinfo By: eilay at Aug 4, 2011
Comment #2

သူမ ပါနေတတ်တာ.. ချစ်လို့နေမှာပေါ့.. တယောက်ထဲမဟုတ်… (ချစ်တတ်သူတိုင်ပါ)

commentinfo By: songmoezin at Aug 4, 2011
Comment #3

:p

Comment #4

တစ်ပုဒ်လုံးမိုက်ပါတယ်…..
ဒါပေမယ့် ဒုတိယအကြောင်းက..ဒဿနကတော့…
ပေးဆပ်သူတိုင်းဟာ…မကြိုးစားနိုင် …..မဖြစ်နိုင်တဲ့သူတွေလို့ 
ဆိုလိုလိုက်သလို…ခံစားမိလို့ ပါ…..အကြံပေးတာပါ……
အားပေးသွားပါတယ်……..။

commentinfo By: terry at Aug 4, 2011
Comment #5

မိုက်တယ်…
အင်း…ခံယူချက်တွေမှ မတူကြတာကိုး..
ဖြစ်တတ်ပါတယ်ဗျာ..ဒီလိုဘဲ နားလည်ပေးလိုက်ကြပါ..peace 4all.

commentinfo By: ဖိုးနမ်း at Aug 4, 2011
Comment #6

မဝေဖန်တက်တော့ပါဘူးဗျာ ..ရှေ့ကအကိုတွေအမတွေပြောသလိုမျိုးပဲ ..ဟိဟိ

commentinfo By: chityellusoelay at Aug 4, 2011
Comment #7

ဟုတ်တယ်ဗျာ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်းကိုမသိပါဝူး အချစ်သူရဲကောင်းကြီးလိုလိုနဲ့ နောက်တော့ မှ ပေါခဲ့တာတွေအတွက် ပြန်ရှက်ဖူးတဲ့အခါလဲ ရှိဖူးတယ်ဗျာ……. ကောင်းတယ်ဗျာ…..။

commentinfo By: ဒိုဒို at Aug 4, 2011
Comment #8

he,,he,,
hote de naw.
i agree with doe doe,

commentinfo By: eilay at Aug 4, 2011
Comment #9

အားလုံးကျေးဇူးတင်ပါသည်

Comment #10

very good.i like this poem.

commentinfo By: yelaylover2010 at Sep 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment