Professional Authors

ဇ’၁ဂွဲ နှင့် သူသူငယ်ချင်း လူ များ

(သုညတုန်းက သူများဘာပြောပြော ကိုယ့် မာစတာပိစ် 😀 လို့ ထင်တဲ့ကဗျာ….ပြန်တင်သဗျာ)

သူငယ်ချင်းအားတုံ့ပြန်ပြောဆိုခြင်း

သူငယ်ချင်းကပြောတယ်။
ဘုရားရှိခိုး
ဓါး ခါးကြားထိုးထားသူဆို
မုန်းသတဲ့။
ပြန်မေးလိုက်တယ်
အိမ်ရှေ့ပန်းခင်း
ပေါင်းရှင်းထားတာ ဘယ်သူထင်လဲ…လို့။

သူငယ်ချင်းက ပြောတယ်။
ကျွမ်းလောင်ဖျက်ဆီးတတ်တဲ့…မီး
ငြှိမ်းပစ်လိုက်ပါကွာတဲ့။
အနွေးဓာတ်နဲ့အလင်း ရဖို့
တော်သင့်ရုံအဝေးမှာ
သတိနဲ့နေမယ်
မတော်တဆကိုကြောက်ပြီး
ထာဝရကြီး
အမှောင်ထဲမှာ အေးစက်စက်မနေပါရစေနဲ့ လို့
တုံ့ပြန်လိုက်တယ်။

သူငယ်ချင်းကပြောတယ်။
ထိန်ချန်မှုကင်း
ပွင့်ပွင့်လင်းလင်းဆက်ဆံရအောင်တဲ့။
ငါ့ကို…
ရေအိမ်သွားရင် တံခါးပိတ်ခွင့်တော့ပြုပါ….သူငယ်ချင်း။

စိတ်ချပါ….
ငါဓါးကို ပေါင်းရှင်းဖို့သာ သွေးပါ့မယ်။
ဒီမီးကို နွေးလင်းဖို့သာ မွှေးပါ့မယ်။
ထိန်ချန်ခြင်းမှာလည်း အပြစ်ကင်းအောင်ကြိုးစားပါ့မယ်။

ဒါပေမဲ့…
ဘေးထွက်ဆိုးကျိုးရှိလာတဲ့အခါ
နားလည်သင့်ရင်နားလည်ပေးပါ
စီရင်ထိုက်ရင် စီရင်လိုက်ပါ….
အမှားနဲ့တော့ အမြဲမှမကင်းနိုင်ပဲ…သူငယ်ချင်းရယ်။

ဒီတခါ ကလောင်… ဇ’ ၁ဂွဲ

In: ကဗျာ Posted By: Date: Apr 23, 2010  
Comment #1

lol (: kg pa..

commentinfo By: melodyphyO at Apr 23, 2010
Comment #2

ပြန်တင်တာ..Thanks .ပါ..

commentinfo By: laypyay at May 29, 2010
Comment #3

good !!

commentinfo By: ဖူးမေ at Jun 2, 2010
Comment #4

ဟုတ်တယ်နော် အစွန်းမရောက်ရင် ပြီးတာပဲ

commentinfo By: favourite2me at Jun 16, 2010
Comment #5

အားလုံးကို ကျေးဇူးကမ္ဘာ

commentinfo By: Za TaGwel at Jul 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment