Professional Authors

လုပ်ပေးနိုင်စွမ်း – နရီထက်

သစ်ရွက်ဝါတွေ ကြွေလွင့်လို့
မြေခဆင်းရင်လေး . . .
အချိန်ရဲ့ စေခမှုကြောင့်
ဒီကမ္ဘာမြေအတွက်
မြေမှုန့်တစ်မှုန့် တစ်ဆုပ်စာလောက်တော့
အကျိုးဆပ်ခဲ့ကြတယ်။

အရောင်တွေပြောင်းလဲ ပြေးလွှာရှပ်ဖြာ
သည်တိမ်လွှာတွေရယ်
ကွယ်မပျောက်ခင်
ခပ်ပါးပါး အချိန်တွေမှာတောင်
သူတို့ရဲ့ ပေးဆပ်ခြင်းတဲ့ ခွန်အားနဲ့
ဒီကမ္ဘာမြေအတွက်
မိုးရေ တစ်စက် ရေတစ်ကွက်စာလောက်တော့
ကျေးဇူးဆပ်ခဲ့ကြတယ်။

အချိန်ပြည့် အလင်းမပေးနိုင်ပေမဲ့
ရသမျှ ရက်တွေကို ဆွဲယူကာပြု
ရှိသမျှ ကိုယ်ခန္ဒာကိုယ်ကို ဆွဲဆန့်ကာ
တဖြည်းဖြည်း အလင်းပိုစေဖို့
သူကိုယ်ထည်ကို အားကုန်ပြုကာ
ထွန်းလင်းပေးရှာတဲ့ လမင်းရယ်
ဒီကမ္ဘာမြေအတွက်
အလင်းတစ်စက် တစ်ကွက်စာလောက်တော့
ပေးသက်ဆပ်နေကြတယ်။

အကောင်သေးသေးလေးတွေမို့
အထင်မသေးစေချင့်
ညီညွတ်မှုမှာ အောင်ကြောင်းဖြာတယ်
စည်းလုံးမှုမှာ ညီကြောင်းဖြာတယ်
လက်တွဲကာ ပြု . . .
အတောက်ပဆုံး အလင်းရောင်ကိုတော့
ကမ္ဘာမြေသားမြင်အောင် ပြသနိုင်တယ်
တိမ်လွှာတွေ ဖုံးအုပ်နေရင်တောင်
ထွက်ပေါ်စပြုဖို့ အကြိမ်ကြိမ် ကြိုးစားနေတယ်
အချိန်တိုင်းလည်း ကြိုးစားနေတယ်
အခွင့်သာတဲ့အခါမှာတော့
ရံရွေတော်မိတ်သဟာတွေနှင့်
ပေါ်ထွက်ကာ ပြုံးကြရှာတယ်
ဒီကမ္ဘာမြေအတွက်
အလင်းဆိုတာ ပြသချင်တဲ့
ကြယ်ကလေးတွေရယ်. . .
ဒီကမ္ဘာမြေအတွက်
လင်းလက်နေဆဲ. . .။

နရီထက်
( ၁၂ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment