အလွမ်းသင့်တိုက် – နရီထက်
နာရီပျက်တစ်လုံး….
နှစ်ကြိမ်မှန်နိုင်တယ်
အချိန်တွေက ရွေ့လျားနေတော့
ဟောင်းမသွားသေးဘူး
ကမ္ဘာမြေပြိုကျသွားတောင်
အိမ်မက်တွေ ပြိုကျသွားအောင်ထိတော့
ဘယ်လူသားတွေက ဆုတောင်းချင်မှာလဲ…
ဟိုတစ်ချိန်က တိမ်လွှာတွေက
စာနာပါတယ်ဆိုတဲ့ အရိပ်တွေနှင့်
ပုန်းလျှိုတတ်ကြတယ်
လူကြီမင်းကို ခွင့်လွတ်ပါတယ်ဆိုတဲ့ စကားလုံး
အစိမ်းချုပ် အနာလို့
ချုပ်ရိုး အပိုင်းအစတွေ ကျန်သေးတယ်
အဟောင်းတွေက အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဆို
အသစ်တွေက ဆန်းပြားနေတုန်းရယ်
ပြသနာတွေက မရိုးတော့
အမှုပေါင်း တစ်ထောင်တဲ့လား….
ကိုယ်တိုင် ရုန်းထွက်ဖို့ မစဉ်းစားနဲ့
လောကကြီးက မှန်နေတယ်
ကိုယ်ပိုင် အယူအဆတွေ အပြစ်မဖွဲ့လိုက်နဲ့
သင့်မြတ်အောင် နေလိုက်ကြနော်….
ရင့်ကျက်တဲ့ နေ..
ခွင့်လွတ်တတ်တဲ့ လ…
တကယ်တမ်းကျတော့…
ကောင်းကင်က စကားပြောနည်းနေလို့လား…။ ။
နရီထက်
( ၁၂ ၊ စက်တင်ဘာ ၊ ၂၀၁၁ )
Comment #2
ကြီမင်းကို ခွင့်လွတ်ပါတယ်ဆိုတဲ့ စကားလုံး
အစိမ်းချုပ် အနာလို့
ချုပ်ရိုး အပိုင်းအစတွေ ကျန်သေးတယ်
အဟောင်းတွေက အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဆို
အသစ်တွေက ဆန်းပြားနေတုန်းရယ်
ပြသနာတွေက မရိုးတော့
အမှုပေါင်း တစ်ထောင်တဲ့လား….အဲ့အပှဒ်လေးတွေ ကြိုက်တယ် ။စကားလုံးလေးတွေက လည်းမိုက်တယ်နော် ကိုကြိး အားပေးနေမယ်
By: thuya at Sep 12, 2011
Comment #4
ကိုယ်တိုင် ရုန်းထွက်ဖို့ မစဉ်းစားနဲ့
လောကကြီးက မှန်နေတယ်
ကိုယ်ပိုင် အယူအဆတွေ အပြစ်မဖွဲ့လိုက်နဲ့
သင့်မြတ်အောင် နေလိုက်ကြနော်
By: myint mo at Sep 13, 2011
Comment #5
တော်လိုက်တာဗျာ
By: အသဲကွဲမိုး at Sep 16, 2011




Comment #1
ကိုယ်တိုင် ရုန်းထွက်ဖို့ မစဉ်းစားနဲ့
လောကကြီးက မှန်နေတယ်
ကိုယ်ပိုင် အယူအဆတွေ အပြစ်မဖွဲ့လိုက်နဲ့
သင့်မြတ်အောင် နေလိုက်ကြနော်….