Professional Authors

ဆုတောင်ခန်း

မျှော်လင့်နေရသူအတွက်
ကောင်းကင်ကြီးကရက်စက်တယ်နော်…
ကြယ်တစ်ပွင့်တောင်…ကြွေမပေးဘူး…
လမင်းကြီးလည်းရက်စက်တယ်နော်…
ငါကို … ညအမှောင်ထဲမှာ…
တစ်ယောက်တည်းထားရက်ခဲ့တယ်…

အရင်ကဆိုရင်…
ငါဆိုတဲ့ကောင်ဟာ…
မျှော်လင့်ဖို့မပြောနဲ့…
စကားလုံးတောင်… မပေါင်းတက်ဘူး…
ခပ်ရင့်ရင့်ပြောရရင်…
ဘယ်မိန်းကလေးမှ… မချစ်ဘူးလို့
ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့…
သူရဲကောင်းပေါ့…

ဟား…..ဟား…..
ဘယ်သူထင်မှာလည်း…
အခုတော့…
မိန်းကလေးတစ်ယောက်ရဲ့… အပြုံးတစ်ခုအောက်မှာ…
ငါဟာ….
ဆောင်ဓားကို ဘေးမှာချ…
ဒူထောက်လို့….
သူမဆီက… သေမိန့်ကို
စောင့်နေခဲ့ရပြီ…

လေးသည်တော်က
မြှားကိုလွှတ်ဖို့… လေးကိုတင်တယ်…
သူမအတွက်…
ငါ့ကို … သတ်ဖို့….
အပြုံးတစ်ခုပဲလိုတာပါ…

လောကကြီးရယ်…
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောခွင့်ပေးပါ…
အကယ်လို့…
အနောက်ကမ္ဘာတစ်ခုသာရှိခဲ့မယ်ဆိုရင်…
အာဒံ နဲ့ ဧ၀ လိုမျိုး..
ကမ္ဘာဦးလူသားနှစ်ယောက်ကို…
ကျွန်တော် နဲ့ သူမ အတွက်ပဲဖြစ်ရပါစေသား ။ ။

ဇေယျာ..(HM**)

In: ကဗျာ,Others Posted By: Date: Aug 18, 2010
Comment #1

ဆုတောင်းခန်း ဖြစ်မယ်ထင်တယ်နော်
ကဗျာက ကောင်းတယ်
ကြိုက်တယ်ဗျာ

commentinfo By: myowintkyaw at Aug 18, 2010
Comment #2

အကယ်လို့…
အနောက်ကမ္ဘာတစ်ခုသာရှိခဲ့မယ်ဆိုရင်…
အာဒံ နဲ့ ဧ၀ လိုမျိုး..
ကမ္ဘာဦးလူသားနှစ်ယောက်ကို…
ကျွန်တော် နဲ့ သူမ အတွက်ပဲဖြစ်ရပါစေသား ။ ။

အဲဒါလေး သဘောကျလို့ (:

commentinfo By: ဖြိုးဖြိုး at Aug 21, 2010
Comment #3

ကျေးဇူးပါပဲ…
ဖြိုးဖြိုး….

commentinfo By: ဇေယျာ at Aug 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment