Professional Authors

နောက်ဆုံးစကား

ကြယ်တွေလဲမစုံ
လ ရောင်လဲမလင်း…
သက်ပြင်းတွေအခါခါချရင်း
လွမ်းရတဲ့ညတွေလဲ….
ရှည်လွန်းလှပြီ…..
တစ်မြေစီကွာခြား……
မိုင်တွေကာဆီးထားလွန်းလို့…
ရင်ထဲကမှန်းမျှော်ရင်း…
တမ်းတတဲ့ နေ့တွေ……
ကြာလွန်းလှပြီ…..
တခါတလေမှာတွေးမိတယ်…
နင်လဲပဲ လွမ်းနေမလား…
ငါတမ်းတသလို…
နင်လဲပဲ မျှော်လင့်နေမလား….
မျက်ဝန်းချင်းဆုံတဲ့ခဏ
နင့်နံဘေးနားရှိတဲ့ခဏ
နင့်ဝင်သက်ထွက်သက်တွေကို
နားထောင်ဖို့သက်သက်….
ငါ့ဘ၀ရဲ့နေ့ရက်တွေကို
ကုန်ဆုံးစေခဲ့တာ
နင်တစ်ယောက်များသိနိုင်မလား…….
တခါတခါမက်ခဲ့တဲ့
ငါ့အိပ်မက်တွေထဲမှာ
နင့်ချစ်သူဖြစ်ခွင့်ရတဲ့ခဏ
ငါကြည်နူးခဲ့ရတာကို
နင်တစ်ယောက်များမြင်နိုင်မလား…….
ကုန်ပါတော့ လွန်ပါတော့…
တစ်ယောက်တည်းကြိတ်ရူးရင်း
မက်ခဲ့တဲ့အိပ်မက်တွေ……
မသိမသာမျှော်လင့်ရင်း
သွေးပျက်ခဲ့ရတဲ့ နေ့ရက်တွေ
တိုးတိုးလေးကြိတ်လွမ်းရင်း
နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေ
ဘာတစ်ခုမှထပ်မလိုချင်တော့ဘူး…….
ဖြစ်နိုင်မယ်ဆိုရင်ပြောပြချင်တယ်
ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ
နင်တစ်ယောက်သိစေချင်တယ်…..
စာနာပါဦးချစ်သူရယ်…
သိရက်နဲ့ လှည့်ထွက်မသွားနဲ့…
သေမိန့်မကျခင်မှာ
နောက်ဆုံးစကားတစ်ခွန်းတော့ကြားသွားချင်သေးတယ်….
ပြောလိုက်စမ်းပါ..
ငါ့ကိုမုန်းတယ်လို့…….
ကြိုးစင်တင်စရာမလိုဘဲ
ငါ့နှလုံးသားကို ငါကိုယ်တိုင်စီရင်မယ်…
နောက်ဆုံးအနေနဲ့
စကားတစ်ခွန်းတော့ပြောသွားချင်သေးတယ်
ငါ…နင့်ကို…အရမ်း..ချစ်တယ်…….။       ။

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

သေမိန့်မကျခင်မှာ
နောက်ဆုံးစကားတစ်ခွန်းတော့ကြားသွားချင်သေးတယ်….
ပြောလိုက်စမ်းပါ..
ငါ့ကိုမုန်းတယ်လို့…….
ကြိုးစင်တင်စရာမလိုဘဲ
ငါ့နှလုံးသားကို ငါကိုယ်တိုင်စီရင်မယ်…
နောက်ဆုံးအနေနဲ့
စကားတစ်ခွန်းတော့ပြောသွားချင်သေးတယ်
ငါ…နင့်ကို…အရမ်း..ချစ်တယ်…….။ ။

Comment #2

ngar nin ko a yan chit de,
da ke,,
da ke,,

commentinfo By: ei lay at Oct 19, 2011
Comment #3

nout sone sa kar hote bu naw.
a mye tan pyaw me sa kar.
but,,,,
this words must b only one for u.
he,,he,,

commentinfo By: ei lay at Oct 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment