Professional Authors

ပျောက်ဆုံးနေသော သူမ

သူမအတွက် ကျွန်တော်
မူကြိုကျောင်း ပျော်ရွှင်မှုတချို့နဲ့
တက္ကသိုလ်ဝင်တန်း လိမ်လည်မှုတွေကို
အသက်သွင်း လှုပ်နိုးချင်နေမိတယ်

သူမအတွက် ကျွန်တော်
ခေါက်ရိုးကျိုး ရင်ဘတ်တစုံနဲ့
အပေါင်းအနုတ် မမျှတတဲ့ ကြည်နူးမှုတွေကို
အသတ်ရပ်ဆုံး အနားသတ်ချင်နေမိတယ်

သူမအတွက် ကျွန်တော်
ဟောင်းလောင်းပေါက် အသိဥာဏ်နဲ့
မြောင်းကြားထဲက ရင်ခုန်သံအသိုးတွေကို
ဝေ့လည်စွာနဲ့ တောင်းကာနေမိတယ်

သူမအတွက် ကျွန်တော်
ပျောက်ဆုံးနေတဲ့ မှန်ဘီးလူးတလက်နဲ့
မျော်လင့်ခြင်းဆိုးတွေ တားထားတဲ့ ဆူးကြားကို
မှတ်တိုင်မဲ့မော်ကွန်းလို တိုးကာနေမိတယ်

သူမအတွက် ကျွန်တော်
ကျွန်တော် မပိုင်တော့တဲ့ သူမနဲ့
ပိတ်နေတဲ့ အနာဂတ်တွေမှာ
အတ္တကို အမွှန်းတင်ထားတဲ့
တကိုယ်ကောင်းဆန်မှုတွေကလည်း
ပျော်ရွှင်စွာ ငိုကြွေးမှုတွေနဲ့ အတူ 
ရွာရိုးကိုးပေါက်
ခရီးရှည်ထွက်ဖြစ်နေမှာပါ 

In: ကဗျာ Posted By: Date: May 17, 2013
Comment #1

လိုက်ရှာ ညီလေး ငါအားပေးမယ်

commentinfo By: shinelalin at May 17, 2013
Comment #2

ဟုတ်ကဲ့ပါ အကို လိုက်ရှာနေပါတယ်

commentinfo By: ap at May 18, 2013
Comment #3

nice sweetie poem.

fighting
ur goal is in front of u.
don’t give up easily.
U’ll get how much u effort.
🙂

commentinfo By: ei lay at May 18, 2013
Comment #4

တွေ့စေ

commentinfo By: မေပျို at May 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment