Professional Authors

အသည်းစား မိန်းမ

မခံစားနိုင်ဘူး
နင့် အကြောင်း တွေးမိရင်
သေမိန့် ကျထားတဲ့ တရားခံလို
နေ့ ရက်တွေ ကိုရင်ခုန်စွာ
စောင့် နေခဲ့ ရတယ်
တခါ တရံ ဟားတိုက်လိုက်တယ်
လောကကြီးကို
ဘာကြောင့်  ချစ်တတ်တဲ့  သူတွေကို
ဝေဒနာတွေ နာကျင်စရာ
တေးသွားတွေ လက်ဆောင်ပေးနေရတာလဲ
သူမပျော်ရွှင်အောင်
ငါ့ နှလုံးက Joker တစ်ယောက်လို
ဘယ်သူမှ  မသိအောင်
ခံစားချက်တွေ ချောင်ထိုးထားရတယ်
ရက်စက်တတ်တဲ့  နင့်ကို
ငါ မေ့ပစ်လိုက်ချင်တယ်  ငါ့ အတွေးထဲမှာ
ဒါပေမဲ့ 
အခုထိ ငါနင့် ကိုတမ်းတနေမိတယ်

In: ကဗျာ Posted By: Date: Jan 15, 2011
Comment #1

Hote de naw.
A yann chit par de so hma narr le ma pay bu.
:'(
:'(
:'(

commentinfo By: ei lay at Oct 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment