Professional Authors

တစ်ဘ၀စာ

 

တစ်ဘ၀စာ

 

ဝတ်ရုံချွတ်ခံထားရတဲ့

သစ်အိုပင်လို အလွမ်းတွေ

နေဆယ်နေထဲ

အရိုးပြိုင်းပြိုင်းထလို့

ရွက်သစ်ဝေဖို့

မုတ်သုံကို မျှော်ရင်း

ငါ့လက်ထဲက ပြက္ခဒိန်တွေ

တစ်ထပ်ပြီး တစ်ထပ် ကြွေခဲ့ရပေါ့။

 

ကောင်မလေးရေ………

မင်းမျက်ဝန်းတွေနဲ့ဆုံတိုင်း

ရင်ဘတ်က မိုးမှောင်ကျချင်တော့

ပြိုမလို တိမ်ညိုတွေ ပြန်ခေါက်သိမ်း

ငါ့စကားတွေ မထစ်ချူန်းခဲ့ရဘူးကွယ်။

 

ဒီတခါ…..တိမ်တွေညိုရင်

ဖွဖွလေး   ပြုံးလိုက်ပါနော်

လွဲချော်မှူ့ရာသီအချို့ကို ထမ်းပိုးခဲ့ရတဲ့

ငါ့မီးခိုးဖြူဖြူ အတ္တတွေ

မင်းရှေ့မှာ ငွေ့ရည်ဖွဲ့လို့

လ၀န်းချိုချို မင်းနှူတ်ခမ်းပါးလေးအတွက်

ဒီနေ့မနက်ပဲ

လက်ဆောင်ပါးခဲ့ပြီ။

 

ငါကြွေသံက

မြေစမ်းခရမ်းပျိုး

စိတ္တဇဆန်တဲ့

ရင်ခုန်သံမျိုးလဲ မဟုတ်ခဲ့ပါဘူး

အခုတော့…..ငါလေ

ခံစားချက်တွေနောက်လိုက်ရင်း

တစ်သက်လုံးအတွက် အရဲစွန့်ရတော့မယ်။

 

ကဲ…ကောင်မလေးရေ…

ရင်အပြည့်လွယ်ထားတဲ့ ချိန်ကိုက်မိုးတွေ

မင်းနှလုံးသားပေါ်  စီးဆင်း

အရှိန်အဟုန်ပြည့်စွာ

ရွာသွန်းစေခဲ့ပြီ။

In: ကဗျာ Posted By: Date: Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment