Professional Authors

“ရန်သူ့လက်သို့ … ဖြေရှင်းချက် …”

အသံလေးပါပဲလေ …
နွေညလေးမှာ ငါ့အကြားအာရုံတွေ
ပြိုယိုင်ကျအောင် …
တွန်းထိုးပစ်လှဲပစ်လိုက်တယ် …
နားတွေမှာ ဆုပ်ကိုင်စရာ
အသံလေးတွေ …
အချိန်နဲ့အတူ …
ခြစားသွားကြတာတောင်မှ
အာရုံထဲမှာ ပဲ့တင်သံဝဲနေသေး …

Rap သံကြားလည်း မခိုးတခိရယ်ပုံလေး …
Rock သံကြားလည်း မပြင်းမကျယ်တက်ခေါက်ပုံလေး …
Pop သံကြားလည်း “ဟဲ့ သေနာ ” လို့
စိတ်ကောက်ပြောသံလေး …
ဘာပဲကြားကြား …
(အချိန်တိုင်းပါ)
နှုတ်ခမ်းပါးလေးလက်အောက်က
ကျွန်ရိုင်းသာသာ ငတုံးတစ်ကောင်ပါ …

တကယ်ပါ …
အခုချိန်ထိ ဖွဲ့စရာမကုန်သေးတဲ့ ကဗျာဟာ …
နားထဲ သိမ်းထားခဲ့တဲ့ …
အသံသာယာလေး …

ကဗျာတစ်ပုဒ်ပါ …
နံပါတ်စဉ်မတပ်ရသေးတဲ့ ငါ့ည …
မှိန်းမောခြင်းထဲ ပြိုလဲကျ …
တစ်ယောက်တည်း ငါ့ဘဝ …
အသံသာလေးခေါ်သံနဲ့ အိပ်မက်တွေထဲ
ငါတစ်ယောက် …
သုံ့ပန်းသာ ဖြစ်သွားတော့တယ် …
……………………………………….
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ …
နေထွက် နေဝင် ၊
တစက္ကန့်ထွက် တစက္ကန့်ဝင် ၊
ထင်ချင်သလိုထင်လိုက်ပါ …
တိုက်ရည် ခိုက်ရည် ဘာမှ မယူလာဘဲ
နားတစ်စုံနဲ့သာ …
နှုတ်ခမ်းပါးနှစ်စင်းအင်ပါယာလက်အောက် …
ပိုးစိုးပက်စက် ကျရှုံးသွားတာ …
ငါဟာ …
အသုံးမကျတဲ့ ဥပုတ်စောင့်သူရဲကောင်း …
တစ်ကောင်လို့ …
ထင်လိုက်ပါ …
ငါဟာ ဓါးမကိုင်တဲ့ သူရဲကောင်းတစ်ကောင် …လို့ …
ဒီနှုတ်ခမ်းပါးနှစ်စင်းအင်ပါယာ …
ငါစိန်ခေါ်ကတည်းက …
အနိုင်နဲ့ ပိုင်းဖို့ မဟုတ်ဘူး …
အရှုံးတွေနဲ့ ရာဇဝင်ကို ရက်ရက်စက်စက်ရိုင်းစေဖို့သာ …

ထင်ချင်သလို ထင်လိုက် …
ထင်ချင်သလို သာ ထင်လိုက် … တော့ …။

In: ကဗျာ Posted By: Date: May 28, 2010
Comment #1

mite tal 😀

commentinfo By: အသဲကွဲမိုး at Dec 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment