Professional Authors

တစ်ဘ၀စာ……

ဝေဒနာတွေ ဖြေသာအောင်
တန်ရာ တန်ရာ ဆိုတဲ့စကားကိုသာ ငါပြန်ကြားနေမိ
တွယ်တာမှုတွေအကုန်အစင်
နင် ……..မငဲ့မထောက် ထားရစ်ခဲ့ပြီတဲ့….။
 
ငိုသံတွေရှိတယ်….
ကြွေးကြော်သံတချို့ကြားတယ်….
ခြေစုံကန်ခဲ့သော တစ်စုံတစ်ယောက်အတွက်
မျှော်လင့်သမျှတွေ ဒီနေရာမှာ ရပ်တန့်ခဲ့မယ်….။
 
တည်ဆောက်ရင်းနဲ့ ဖြိုလဲချခဲ့တယ်
အပိုင်းအစများစွာနဲ့ နှုတ်ဆိတ်…..
မျက်ဝန်းထဲ မျက်ရည်တို့ ယိုစိမ့်စိမ့်လာတယ်
ဘာအတွက်မှ မထူးခြားနိုင်လို့
လမ်းခုလပ်ကနေလည်း အသစ်တဖန် ပြန်စရဲပါတယ်
တစ်ခါတည်းနဲ့ ကြေကွဲ
သစ်ရွက်လိုတော့ လွင့်ပါးလိုက်ဖို့

သတ္တိက…
ဘ၀ဆိုတာနဲ့ ယှဉ်တွဲနေတယ်…။
 
ယုံကြည်ခဲ့သမျှ ရိုက်ချခံခဲ့ရတဲ့အခါ
မာနတရားသို့ ပြောင်းလဲသွားတယ်
နေပါစေ……
မသေချာနိုင်တဲ့ ပျော်ရွှင်ခြင်းအတွက်
လက်ရှိမှာ စိတ္တဇဘ၀…ငါ မရယူချင်တာပါ….။
 
ပြန်မလာပါနဲ့
ခေါက်ရိုးကျိုးနေတဲ့ နားလည်မှုတွေ
အကျင့်ပါနေတဲ့ အကြောင်းပြချက်တွေ
အသည်းအိမ်မှာလည်း သံမှိုလိုဆွဲနေပြီမို့
နူးနူးညံ့ညံ့ ရက်စက်ခံရခြင်းတွေအတွက်
နာကျဉ်ပေးဖို့ ခံစားချက်တွေ မလန်းဆန်းတော့ဘူး…။
 
အရုပ်တစ်ရုပ်လိုနေ
သက်မဲ့ပစ္စည်းလို အဝေးပို့
ဘာမှမဟုတ်ပါဘူးဆိုတဲ့ ထင်မြင်ချက်တွေနဲ့
ငါရှင်သန်ခဲ့ဖူးတယ်….
နောက်ဘက်ကို လှည့်ကြည့်မိတော့
၃ နှစ်တာ….ကာလမှာ ငါတော်တော် နုံအခဲ့တယ်….။
 
အချစ်စစ်မှန်ရင် ဒီလိုမတွေးသင့်ဘူးဆိုတဲ့
ဝေဖန်ခြင်းတွေ ဘေးဖယ်ပါ
ပေးဆပ်ခြင်းသက်သက်အတွက်
ဒီလောက်ထိ အရူးလုပ်ခံရခြင်းတွေ….
ကိုယ်တိုင်ကိုယ်ကျပဲ….သိနိုင်တယ်…။
တကယ်ဆို
ငါလိုလူအတွက်
နင်ပေးသော အရာရာဟာ တစ်ချိန်ချိန်မှာ အဆိပ်ဖြစ်နေမြဲမို့….
………….
တစ်ဘ၀စာ……ငါ အဝေးရောက်ဖို့ ကြိုးစားလိုက်တော့မယ်…။
 
(နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ငါ့ကို ကြင်နာပေးပါ ချစ်သူရယ်…..)
အလွမ်း(ကေသရီ)
In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

really nice,
really nice.

commentinfo By: ei lay at Sep 14, 2011
Comment #2

ပန်မလာပါနဲ့
ခေါက်ရိုးကျိုးနေတဲ့ နားလည်မှုတွေ
အကျင့်ပါနေတဲ့ အကြောင်းပြချက်တွေ
အသည်းအိမ်မှာလည်း သံမှိုလိုဆွဲနေပြီမို့
နူးနူးညံ့ညံ့ ရက်စက်ခံရခြင်းတွေအတွက်
နာကျဉ်ပေးဖို့ ခံစားချက်တွေ မလန်းဆန်းတော့ဘူး…။

အရုပ်တစ်ရုပ်လိုနေ
သက်မဲ့ပစ္စည်းလို အဝေးပို့
ဘာမှမဟုတ်ပါဘူးဆိုတဲ့ ထင်မြင်ချက်တွေနဲ့
ငါရှင်သန်ခဲ့ဖူးတယ်….
နောက်ဘက်ကို လှည့်ကြည့်မိတော့
၃ နှစ်တာ….ကာလမှာ ငါတော်တော် နုံအခဲ့တယ်….။

တော်တော်ကောင်းတယ်…ဗျာ……ကြိုက်လည်းကြိုက်တယ်…..
တိုက်လည်းတိုက်ဆိုင်တယ်….(၃ နှစ်တာ….ကာလမှာ ငါတော်တော် နုံအခဲ့တယ်….။)
ဆိုတဲ့စာသားကတစ်စုံတစ်ခုကိုသတိရစေတယ်…အားပေးသွားပါတယ်။

commentinfo By: terry at Sep 14, 2011
Comment #3

ပြန်မလာပါနဲ့

စာမှားသွားလို့ ပါ…. 🙂

commentinfo By: terry at Sep 14, 2011
Comment #4

သတ္တိက…
ဘ၀ဆိုတာနဲ့ ယှဉ်တွဲနေတယ်…။

ယုံကြည်ခဲ့သမျှ ရိုက်ချခံခဲ့ရတဲ့အခါ
မာနတရားသို့ ပြောင်းလဲသွားတယ်
နေပါစေ……
မသေချာနိုင်တဲ့ ပျော်ရွှင်ခြင်းအတွက်
လက်ရှိမှာ စိတ္တဇဘ၀…ငါ မရယူချင်တာပါ….။
ကောင်းတယ်ဗျာ အားပေးသွားပါတယ်

Comment #5

နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ငါ့ကို ကြင်နာပေးပါ ချစ်သူရယ်…..
အဲဒီလိုမျိုးပဲ ပြောလိုက်ချင်တော့တယ် အလွမ်းရေ…..

commentinfo By: thukhacho at Sep 15, 2011
Comment #6

ကေ….မိုးဘာမှမပြောခဲ့တော့ဘူး…..
ဘာမှလည်းပြောမထွက်တော့ဘူး…ရင်ဘတ်ကိုသီ….စာဖွဲ့ထားတာတွေ….လိုက်မမှီတော့ဘူး..ဗျာ

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #7

ယုံကြည်ခဲ့သမျှ ရိုက်ချခံခဲ့ရတဲ့အခါ
မာနတရားသို့ ပြောင်းလဲသွားတယ်
နေပါစေ……
မသေချာနိုင်တဲ့ ပျော်ရွှင်ခြင်းအတွက်
လက်ရှိမှာ စိတ္တဇဘ၀…ငါ မရယူချင်တာပါ….။

commentinfo By: ရနံ့ at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment