Professional Authors

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့
………………………..

ဒီနေ့ဟာ
သိဒ္ဓတ္ထမှ
ဗုဒ္ဓအဖြစ်ပြောင်းတဲ့နေ့

ဒီနေ့ဟာ
သိဒ္ဓတ္ထမှ
သုဂတအဖြစ်ပြောင်းတဲ့နေ့

ဒီနေ့ဟာ
သိဒ္ဓတ္ထမှ
ဘဂ၀ါအဖြစ်ပြောင်းတဲ့နေ့

ဒီနေ့ဟာ
စကြာဝဠာတစ်ခုလုံးသို့
လူ့ဂုဏ်သိက္ခာကို အထွတ်ထိပ်ထိပို့တဲ့နေ့

ဒီနေ့ဟာ
အမှောင်ကိုအလင်းရောင်ဖြင့်ထိုးခွဲပြတဲ့နေ့

ဒီနေ့ဟာ
လူသားတစ်ယောက်က မာရ်ငါးပါးကိုချေမှုန်းပြခဲ့တဲ့နေ့

ဒီနေ့ဟာ
အကုသိုလ်ကို ကုသိုလ်က အောင်နိုင်ခဲ့တဲ့နေ့

ဒီနေ့ဟာ
အတ္တကို အနတ္တက သိမ်းပိုက်ခဲ့တဲ့နေ့

ဒီနေ့ဟာ
သစ္စာတရားရဲ့
အမတစည်ကြီး မြည်ဟည်းခဲ့တဲ့နေ့

(ဒီနေ့ဒီရက်မှာ
သစ္စာနံ့တွေသင်းပြီး
သစ္စာတရားရဲ့ဘက်တော်သားများအဖြစ်
ရပ်တည်နိုင်ကြစေ….)

In: ကဗျာ Posted By: Date: May 23, 2013
Comment #1

ကောင်းပါတယ်

commentinfo By: မေပျို at May 23, 2013
Comment #2

thz so much.
i get many knowledges

commentinfo By: ei lay at May 24, 2013
Comment #3

လေးစားပါတယ်

commentinfo By: shinelalin at May 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment