Professional Authors

ဗလာနတ္တိ

 

ဗလာနတ္တိ

နေ့ကညကို လောင်ကျွမ်းတယ်

ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..

ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်

ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်

အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….

ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက

ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်

အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………

ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့

လိမ်ညာမှုတွေကို ငါမြင်တယ်

ဖုံးကွယ်ထားတဲ့မျက်လုံး

ဟန်ဆောင်အပြုံးတွေ

အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ

အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့

နောက်ဆုံးတော့….?

 

ညအလင်္ကာ
15/8/2010

 

In: ကဗျာ Posted By: Date: Aug 17, 2010
Comment #1

ကောင်းလွန်လို့လမင်းကြီးတောင်ငိုနေတယ်——–ဟင်းဟင်းဟင့်

commentinfo By: ဇော်မျိုးထွန်း at Aug 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment