Professional Authors

ည(၃)

ဒီညလည်း အိပ်ရေးပျက်အုံးမှာလား?

တစ်ညပြီး တစ်ညသာ ကုန်သွားတယ်..

ရေချိန်ကိုက်နေတက်တဲ့ ငါအတွေးတွေက

ကောင်းချီးပေးလို့ ကောင်းတုန်း!

 

နင်နှုတ်မဆက်ပဲနဲ့ ငါ့ရင်ဘတ်ပေါ်ဖွဖွလေး နင်းဖြတ်သွားတုန်း

အဖြေမဖော်တက်တဲ့ ဒါဏ်ရာတွေက ကြုံရာကားနဲ့ ငါဆီကို ခွင့်မပြုပဲရောက်လာခဲ့တယ်…

ဒီနေ့နေခင်းတုန်းက မိုးယိုနေတာ ပြင်ဖို့ အိမ်ခေါင်မိုးပေါ်ကို

ခဏလေးတက်ခဲ့တယ်….

လေပြင်တွေတိုက်လိုက်တာများ ကြောက်စိတ်တွေက

သွားလိုက် ပြန်လိုက်နဲ့

တစ်ခါတစ်ရံ

ကျွန်တော့ ဒူးတွေက ဘာဖြစ်မှန်းမသိဘူး..

 

ဟား..ဟား…

နင်ကျောခိုင်းစဉ်တုန်းကလိုပဲ လေပြင်းတွေက တဟူးဟူးနဲ့…

ဘာမှန်းမသိပဲနဲ့ ဆိုင်ကယ်ကို ပတ်မောင်းလို့

မညှာမတာ ပက်ဖြန်းခဲ့တဲ့ မိုးစက်တွေကြောင့်

အမြင်တွေလည်းေ၀၀ါးနေပြီ..

 

ဆက်မောင်းရမလား? အိမ်ပြန်ရမလား?

ရင်ထဲက အမည်မသိ လက်ကျန် အမှတ်တရတွေ

လှလှပပကို မောင်းနှင်နေလိုက်တာ

ဆီကုန်မှာကိုတော့ သတိမရလိုက်ဘူး..

ပြတ်ပြတ်သားသားပဲ တွန်းပြန်လာခဲ့တယ်.

အခုမှ အမှတ်တရတွေလည်း ဆီကုန်သွားပြီထင်တယ်………

 

နံနက်လင်းရင် နေရောင်ကို မြင်ချင်တာ ကျွန်တော့ ဆန္ဒပါ.

အခုရက်ပိုင်း မိုးလင်းလည်းရွာ မိုးချုပ်လည်းရွာနဲ့

ကျွန်တော့အတွေးတွေက……….

ကောင်းကင်ကြီးက အုံ့ဆိုင်းနေတက်ပြီ.

 

အော်…

ဆန္ဒ နဲ့ ဘ၀ နဲ့ ထပ်တူမကျတာ ကျင်သားရနေတက်တဲ့ အတွက်တော့

နင်လား ငါလား မခံစားရတောင် မနက်ဖြန် ထီသွားထိုးအုံးမယ်..

သီချင်းတစ်ပုဒ်ဆုံးပြီး နောက်တစ်ပုဒ် ..နောက်တစ်ပုဒ်နဲ့ အချစ်တွေ

အလွမ်းတွေ …ရင်ကွဲပက်လက်တွေ… ကြားလိုက်မကြားလိုက်ပါ..

အခုသီချင်းခွေကုန်သွားပြီ ထင်တယ်…

အေးပါတယ်..ရာသီဥတုကအေးသလို

အကုန်လုံး..အားလုံး…ပြီးသွားတာပဲကောင်းတယ်…အားလုံး…..!

 

တစ်နေ့တာ နေ၀င်ရင် နောက်တစ်နေ့နေထွက်မှာပဲ

မနက်ဖြန်တော့ ဆိုင်ကယ်ပတ်မမောင်းတော့ပါဘူး…

နောက်မဆို အမှတ်တရတွေက ညဘက် ငါအခန်းက နံရံတွေလို လှောင်နေကြအုံးမယ်

မခံစားတက်တဲ့ လေးဘက်လေးတန်က နံရံတွေ

ငါဘ၀ကို မင်းတို့ စိုးမိုးလို့ ၀ရင် မနက်လင်းလို့

နေရောင်မြင်တဲ့တစ်နေ့ မင်းတို့ကို လက်စားချေမယ်..

အခု ညတော့ မင်းတို့စိတ်တိုင်းကျပဲ………

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

တစ်နေ့တာ နေ၀င်ရင် နောက်တစ်နေ့နေထွက်မှာပဲ

မနက်ဖြန်တော့ ဆိုင်ကယ်ပတ်မမောင်းတော့ပါဘူး…

နောက်မဆို အမှတ်တရတွေက ညဘက် ငါအခန်းက နံရံတွေလို လှောင်နေကြအုံးမယ်

မခံစားတက်တဲ့ လေးဘက်လေးတန်က နံရံတွေ

ငါဘ၀ကို မင်းတို့ စိုးမိုးလို့ ၀ရင် မနက်လင်းလို့

နေရောင်မြင်တဲ့တစ်နေ့ မင်းတို့ကို လက်စားချေမယ်..

အခု ညတော့ မင်းတို့စိတ်တိုင်းကျပဲ………

commentinfo By: Village chat kyi at Nov 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment