Professional Authors

ကြယ်ကလေး ပြောတဲ့ စကား

ကြယ်ကလေးက ပြောတယ်…

ကောင်းကင်ကြီးက သူတို့ကြောင့်

လှနေတာတဲ့…

အရောင်အသွေး မစုံပေမယ့်

လင်းတလှည့် မှိန်တလှည့်နဲ့

သူကပဲ ကမ္ဘာမြေကြီးကို

ခစားနေသလား?

ကမ္ဘာမြေကြီးက

သူကို ခစားနေသလား?

မသိပါဘူးတဲ့…

ဒီထက်ပိုပြီး ပြောနိုင်တာ တစ်ခုက..

လ၀န်းလေးကို

သူနဲ့ အတူခေါ်ပေးပါတဲ့..

ပြီးပြည့်စုံတဲ့ ကောင်းကင်ကြီးကို

နှစ်ယောက်အတူ

ခစားကြမယ်တဲ့….

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

so cute

commentinfo By: ei lay at Jun 10, 2012
Comment #2

😛
😛
😛
😛
😛

commentinfo By: ei lay at Jul 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment