Professional Authors

အရင်တိုင်း…………………..မင်းလူန

ရင်ခွင်ဟောင်းမှာ
အချစ်ကသစ်ဆဲဆိုတာ
သိချင်စိတ်မရှိလဲ
မင်းသိမှာပဲ
ရင်ဆိုင်ရတဲ့ 
အခိုက်အတန့် တိုင်းက
လိုလေသေးမရှိမှု့ တွေကြားမှာ
ငါအချစ်ကတော့မင်းလိုအပ်လာမှာပဲ
ဒါကတစ်ဖက်သက်
ငါ့ ရဲ့ စိတ်ကူး
တစ်ကယ်တမ်း
ရင်ဘတ်အသစ်နဲ့ မင်းက
ကမ္ဘာအသစ်ဆီတရွေ့ ရွေ့ …………..
ငါနဲ့ မင်းဖန်းတီးမဲ့ 
အနာဂါတ်ဆိုတာ
တစ်ယောက်ယောက်ရဲ့
ရင်ကွဲနာကျချိန်ကို
ထိုင်ပြီးအနားသပ်ပေးဖို့ 
ဟားတိုက်နေဖို့ လောက်နဲ့ 
အဆုံးသက်လိုက်ပြီလား……………
ငါ့ ရင်ခွင်မှာ
မင်းရင်ခုံသံ
စည်းချက်မှန်သွားတာ
အချစ်ထွက်ပြေးသွားလို့ ပေါ့ 
အချစ်ကဘ၀မဟုတ်ပါဘူးတဲ့ လား
ဘ၀ကလဲအချစ်မရှိရင်
ကန္ဒာရထဲ
အံကြိတ်ပြီးလမ်းလျှောက်နေသလို
ဖြစ်နေမှာပါပဲ
လမ်းခွဲဖို့ 
လမ်းလွှဲတက်သူရဲ့ ရင်မှာ
အကြောင်းပြချက်တွေရှိနေပေမဲ့ 
ငါ့ ရင်ကတော့ 
ချစ်တယ်ဆိုတဲ့ ရသကိုသာ
အချိုမြိန်ဆုံးယိုတစ်ခုခုသုတ်ပြီး
စားသုံးနေမိလို့ 
ငါ့ နှလုံးသားတွေ
ပိုးစားခံရတာပေါ့ 
တစ်ကယ်ဆို………….
လိုအပ်တာအချစ်
ပြီးတော့ 
အချစ်၏အချက်အလက်ဝေစည်မဲ့ 
သစ်တစ်ပင်
တူတူခိုနားကြမယ်ပေါ့ 
စိတ်ကူးကို
စိတ်ကူးအဖြစ်သာ
ရှိနေနိုင်တဲ့ ငါ့ လို
ဒုံးဝေးငတုံးတစ်ကောင်မှာ
ခုထိ
ရုပ်ပိုင်းဆိုင်ရာမင်းမရှိတော့ တောင်
မင်းရှိနေဆဲမို့ 
မင်းသိလား
မင်းကိုချစ်နေတုန်း……………

        မင်းလူန

့ 

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

Thz so so much

commentinfo By: ei lay at Oct 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment