Professional Authors

ဖေဖေတို့ သားအဖ(မင်းလူန)

ညက
အမဲလိုက်ခွေးတွေတစီစီနဲ့ 
သိပ်မလှသေးပါဘူးဖေဖေ
(ကျနော်တို့ အိမ်မှာ)
ညင်သာစွာစီးဆင်းခွင့် ပေးသနားခဲ့ ပြီးနောက်
ကျနော်ဟာ
စာမျက်နှာတွေပေါ်မှာ
စပြီး
စမ်းပြီးလမ်းလျှောက်တယ်
(အရသာခံနိုင်သောလူသားတစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်နှင့် )
ဖေ့ဖေ့ သမီးကတော့ 
ကမ္ဘာကို
လက်ခမောင်းခတ်ပြီး
ကျနော်တို့ အိမ်ကိုငြိမ်းချမ်းရေးနှင့် အလှပြန်ဆင်မယ်ပေါ့ 
ဘယ်လိုလဲဖေဖေ
လူမှု့ ဟောင်းလောက်ပေါက်တွေနဲ့ 
ကျနော်တို့ အိမ်ကြီးပျက်စီးနေတာဖေဖေ့ သမီးတစ်ယောက်တည်း
ဘယ်ကလာဖြစ်နိုင်ပါ့ မလဲ
ကျနော်လမ်းလျှောက်ပြီး
အမှောင်တွေကိုပြန်လင်းခိုင်တဲ့ ဦးနှောက်တွေလိုက်ရှာတယ်
(စာမျက်နှာများဖြင့် )
ဖေဖေ
စိတ်ဓါတ်ရင့် သီးသော
လူတွေကို
ခေါင်းဖြတ်သက်ခွင့် ပြုပါ
×××××××××××××
ညက
အမဲလိုက်ခွေးတွေတစီစီနဲ့ 
သိပ်မလှပါဘူး
ဖေဖေ
××××××××××××××
ကျနော်တို့ သည်
လွပ်လပ်စွာ
စီးဆင်းဖြတ်သန်းခွင့် ရသော
ဧရာဝတီနှင့် အတူ
တိုင်းပြ၆ည်အပေါ်
………..
……….
ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ ဖေဖေ
ဒါဟာသစ္စာအဓိဌာန်ပြုချက်ပါတဲ့ 
နှလုံးသွေးရှတခြင်း
ဒီလိုရှိပါတယ်ဖေဖေ
ခုထိ
ဝီရငှက်ငယ်တစ်ကောင်ရဲ့ 
ဝိသေသနဲ့ 
ဖေဖေ့ သမီးကပျံသန်းနေတုန်း
(ငြိမ်းချမ်းရေးတိုက်ပွဲများဆီသို့ )
အမဲလိုက်ခွေးတစီစီနဲ့ 
သိပ်မလှတဲ့ ညမှာ
ကျနော်ဘက်စ်ကားစီးပြီး
ခရီးထွက်ခဲ့ တယ်
×××××××××××××××
ဖေဖေနဲ့ ဖေ ဖေ့ သမီးကို
ဘက်စ်ကားပေါ်မှာတွေ့ တယ်
ပြီးတော့ ပိုက်ဆံအိတ်တွေမှာ
နံရံမှာ
လမ်းဘေးတန်းချိတ်ဆိုင်တွေမှာ
ဟိုနားမှာ
ဒီနားမှာ
နှလုံးသားများမှာ
ဖေဖေတို့ လဲခုမှပဲ
လည်ပတ်သွားလာခွင့် ရတယ်
အဲ့ ဒါ
အမဲလိုက်ခွေးတွေ
တစီစီနဲ့ ညပျက်တွေကြောင့် မလားဖေဖေ

                                                      မင်းလူန

In: ကဗျာ Posted By: Date: Dec 16, 2011
Comment #1

ကျနော်တို့ သည်
လွပ်လပ်စွာ
စီးဆင်းဖြတ်သန်းခွင့် ရသော
ဧရာဝတီနှင့် အတူ………………(ကောင်းလိုက်တဲ့ကဗျာနော်)

commentinfo By: May Kha at Dec 16, 2011
Comment #2

လွပ်လပ်ရေးဖခင်ကြီးနှင့် သမီးတော်
ငြိမ်းချမ်းရေးဗိသုကာရှင်ဒေါ်အောင်ဆန်းစုကြည်သို့ ဦးညွှတ်ခြင်းကဗျာ
ငယ်တစ်ပုဒ်သာဖြစ်ပါတယ်။။။။။။။။။။။။။။

commentinfo By: မင်းလူန at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment