Professional Authors

သတ္တိအသစ်(မင်းလူန)

ခေါင်းနဲ့ တိုက်စရာရှိရင်ခေါင်းနဲ့ တိုက်မယ်
ဒီနံရံကလဲဒြပ်ဝတ္ထုဆန်ဆန်ပဲလေ
ဝေဒနာတွေကိုတော့ 
ခဏခဏသွန်ချပစ်လိုက်မိတယ်
အဲ့ လိုထွက်ပေါက်ပေးဖို့ ပုံစံခွတ်ထဲမှာ
နေ၀င်မိုးချုပ်နဲ့ ခဏခဏမှောင်နေတာကိုးးးးးးးးးးးးးးးး
ငါတို့ ကအန်ချခွင့် မရတာကို
လည်ချောင်းထဲမှာစုထားတက်ပြီးမှတော့ 
အန်ဖတ်တွေလူမမြင်နိုင်တာဟာလည်
သဘာဝကျသားလား
ငါ့ ကဗျာထဲမှာငါကိုယ်တိုင်
အစိမ်းလိုက်သေခဲ့ တဲ့ အခါမျိုးတွေနဲ့ မို့ 
ဒီသွေးမဲမဲတွေကိုမသောက်ပါနဲ့ 
အနာဂါတ်ဆိုတာ
မနက်ဖြန်ဆီမရောက်ခင်အထိပဲရှင်သန်နိုင်မှာလေ။။။။။။။။။။။။။။။
အံကြိတ်ပြီးတော့ သာပြုံး
အဲ့ ဒီအပြုံးကပိုပြီး
ဆွဲဆောင်မှု့ ရှိတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။

                         မင်းလူန

In: ကဗျာ Posted By: Date: May 6, 2011
Comment #1

ငါ့ ကဗျာထဲမှာငါကိုယ်တိုင်
အစိမ်းလိုက်သေခဲ့ တဲ့ အခါမျိုးတွေနဲ့ မို့ 
ဒီသွေးမဲမဲတွေကိုမသောက်ပါနဲ့ 
အနာဂါတ်ဆိုတာ
မနက်ဖြန်ဆီမရောက်ခင်အထိပဲရှင်သန်နိုင်မှာလေ။။။။။။။။။။။။။။။
အံကြိတ်ပြီးတော့ သာပြုံး
အဲ့ ဒီအပြုံးကပိုပြီး
ဆွဲဆောင်မှု့ ရှိတယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။
အင်းပြုံးအုံးမှ.. 🙂 စတာနော်..
အရမ်းကောင်းလို့ကြိုက်သွားသည်။။။။။။။။။။။။။။။။။။။။။။။။။။

commentinfo By: ရွှေငါး at May 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment