Professional Authors

အချစ်နှင့် ငါ၏သတ္တိများကောက်ကြောင်း(၄)မင်းလူန

အလျဉ်းသင့် သလို
သုံးခဲ့ တဲ့ 
မင်းရဲ့ မုသားတွေကမှ
ငါ့ အတွက်ဆေးဖက်ဝင်
ကုထုံးတစ်ခုဖြစ်နေမှတော့ 
ငါ့ မျက်ရည်မြစ်မှာ
ငါပက်လက်မျောတာ
အံ့ သြစရာမဟုတ်တော့ ပါဘူးလေ
ကြော်ငြာအားမကောင်းလို့ 
ရောင်းတန်းမ၀င်တဲ့ 
အရည်အသွေးမြင့် 
ကုန်ပစ္စည်းတစ်ခုလို
ငါ့ မေတ္တာတရားတွေမင်းဆီမှာ
တောင်ပု့ယာပုံဖြစ်နေချိန်
ငါ့ အတွက်မိုးခေါင်ရေရှာရပ်ဝန်းတွေနဲ့ 
သက်ဝင်မှု့ ကင်းမဲ့ ဇုံတွေဖန်ဆင်နေမှတော့ 
ငါကဗျာတွေမင်းကြောင့် 
အပြောင်းအလဲများတဲ့ ဘက်
တဖြေးဖြေးကူးပြောင်းသွားပြီလေ
ဒါပဲပေါ့ 
အကျိုးသက်ရောက်မှု့ 
မမှန်ကန်တာ
အကြောင်းတရားကောင်းကောင်းနဲ့ 
မျက်နှာချင်းမဆိုင်မိတဲ့ 
ငါ့ ကြမ္မာကြောင့် ဆိုတာ
မုသားချိုချိုမျိုရင်းသိလိုက်တယ်

မင်းလူန

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

မုသားချိုချို
ဒီစကားကိုကိုသင်ယူသွားတယ်
ကျနော်သိပ်နှစ်ခြိုက်တဲ့ အရေးအသားမျိုးပဲ
ပျော်ပါစေဗျာ
နေ့ သစ်ချိုချိုပေါ့ 😀

commentinfo By: sharon myorr myor at Aug 7, 2012
Comment #2

mike de kwar,,
😛

commentinfo By: ei lay at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment