သစ္စာကိုမေးခွန်းထုတ်ခြင်း
လောကမှာ လူနှစ်မျိုးပဲရှိတယ်…..
“အချစ်ဟာ
ဆုံးဖြတ်ချက်တစ်ခုလား”
ဟုတ်တယ်လို.ဖြေလိုက်ရင်
ငါ့ရင်တွေနာရလိမ့်မယ်
မဟုတ်ဘူးလို.ဖြေလိုက်ရင်
တရားမျှတမှုကို
ငါတောင်းဆိုခွင့်မရှိတော့ဘူး။
အကြိမ်ကြိမ် တောင်းပန်ဘူးပါတယ်
“သံသရာတစ်လျောက်
မင်းဘယ်သူနဲ.ပဲ ဆုံဆည်းချင် ဆုံဆည်းချင်
ဒီဘ၀လေး တစ်ခုကိုတော့
ငါ့ကိုပဲပေးပါလို.”
မအောင်မြင်ခဲ့ပါဘူး။
အချစ်တစ်ခုကို ယုံကြည်နေရတာမှမဟုတ်ပဲ
ကတိတစ်ခုကို ယုံကြည်ပေးနေရတာ
ရဟတ်စီးသလိုပေါ့
ကြိုတွေးထားတဲ့အဖြစ်အပျက်ပေမယ့်
လှိုက်ကနဲ “ဟာ”သွားတဲ့စိတ်ကိုတော့
မတားလိုက်နိုင်ဘူး။
အပြစ်တင်နေတာမဟုတ်ပါဘူး
သွေးထွက်လွယ်တဲ့ ဒဏ်ရာဟောင်းလေး
အကင်းမသေသေးကြောင်းပြောပါတယ်။
လောကမှာ လူနှစ်မျိုးပဲရှိတယ်
အချစ်ကြောင့် ဒုက္ခရောက်သူနဲ.
အချစ်ကြောင့် ဒုက္ခရောက်မယ့်သူ။ ။
Comment #2
ဒါက အချစ်ကို ကိုယ်းကွယ်တဲ့ သူတွေအတွက်ပါလေ…း))
ကဗျလေး ကောင်းပါတယ်ရှင်…
By: မှုံရွှေရည် at Aug 12, 2010
Comment #3
ုမိုက်တယ် ကဗျာလေးက
By: lunar at Aug 12, 2010
Comment #4
ayan ko kyite par tal
thak you par
khan sar chat ne’ tuu tal lay
By: sawthiha at Aug 12, 2010




Comment #1
မော်နီ အရမ်းကောင်းပါတယ်ယူဆချက်ကော ကဗျာကောပဲ