Professional Authors

ရည်းစားကဗျာ

ကျွန်တော်ဒီတစ်ရက် ရွှန်းလန်းကြည်နူးစရာကောင်းတဲ့ ကဗျာတစ်ပုဒ် မျှဝေထားပါတယ်။

 

“ရည်းစား”ဆိုတဲ့စကား ကြားကတည်းက ရင်ခုန်ပြီးသားပါ။
ယောကျာင်္းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်
စိတ်ကူးနဲ့၊ တိတ်တခိုးနဲ့ ၊ တကယ်ဖြစ်လာမဲ့ နေ့ လို့ 
ရေးရေးလေးမှတ်လို့  မျှော်ခဲ့ရသည်မှာ
“ရည်းစားစာ” သို့  “ရည်းစားကဗျာ” ပဲဖြစ်မှာပါ။

ရည်းစားကဗျာ

 

ဖုန်းဆက်မယ့်အစား
ရည်းစားလေးလက်ကို ကိုင်ထားရတာ
ပျော်တယ်။

စာကျက်မယ့်အစား
ရည်းစားလေးမျက်နှာကြည့်နေရတာ
ပျော်တယ်။

ဘိလိယက်ထိုးမယ့်အစား
ရည်းစားလေးနဲ့ ရှင်ရှင်ခိုးကြည့်ရတာ
ပျော်တယ်။

ကဗျာတွေရေးမယ့်အစား
ရည်းစားစာရေးရတာ
ပျော်တယ်။

ကာရာအိုကေ ဆိုမယ့်အစား
ရည်းစားလေးနဲ့ စကားပြောရတာ
ပျော်တယ်။

ဒေးဝူးဘတ်စ်ကားတိုးစီးမယ့်အစား
ရည်းစားလေးခါးဖက်ပြီးလမ်းလျှောက်ရတာ
ပျော်တယ်။

ဆီဆေးပန်းချီကားတွေရေးမယ့်အစား
ရည်းစားလေးကို လက်သည်းဆိုးပေးရတာ
ပျော်တယ်။

ပျော်စရာအကြောင်းတွေ ပြောမယ့်အစား
ရည်းစားလေးအကြောင်းစဉ်းစားရင်း
ကိုယ့်နာမယ် ကိုယ်မေ့ထားရတာ

ပိုပြီးပျော်စရာကောင်းတယ်။

ရည်းစားကဗျာ ဖတ်ရင်းနဲ့ တောင် ရင်ထဲမှာသိမ့်ကနဲ၊ စိမ့်ကနဲ ရင်ခုန်ကြည်နူးရတယ်မဟုတ်လား။

တကယ်လို့ သာ အပြင်လောကမှာ ရည်းစားလေးနဲ့ အတူသွား၊ ရည်းစားလေးနဲ့ အတူစား၊ တစ်ယောက်စကား တစ်ယောက်နားထောင်လို့  တစ်ယောက်အနား၊တစ်ယောက်ကပ်လို့  ကြည်နူးရခွင့် ရမယ်ဆိုရင်-

….
………
……………

ဒီကဗျာလေးကို ရည်းစားလေးအား ရွက်ပြပေးပါ။ ကဗျာပိုင်ရှင်ကို စိတ်ထဲကနေ ကျေးဇူးတင်ပေးပါ။

In: ကဗျာ Posted By: Date: Aug 11, 2010
Comment #1

hote

commentinfo By: songmoezin at Aug 11, 2010
Comment #2

he,,he,,,

hote ke,,
hote ke,,
khu htet hti dot kyay zu tin sa kar pyaw loh ma ya tay bu.
he,,he,,

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment