သူရူးဒိုင်ယာရီ
ငါပျော်တယ်
 နေ့မှာစားစရာရှာပြီး
 ညမှာအိပ်စရာနေရာ ရှာနေရလို့ ငါပျော်တယ်…
 ငါပျော်တယ်
 အမှောင်တဲမှာ ကြယ်တွေကိုရေတွက်ရင်း ငါပျော်တယ်…
 ငါပျော်တယ်
 သူတို့အောင်မြင်မှုနဲ့ ငါကိုကိုင်ပေါက်ကြလို့ ငါပျော်တယ်…
 ငါပျော်တယ်
 ဘစ်(စ်)ပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့
 မတော်တဆ တို့ထိမိလို့ ငါပျော်တယ်…
 ငါပျော်တယ်…..
 ငါပျော်တယ်…….
 ငါပျော်တယ်……..
 “ ငါက နင့်ကိုပျော်လို့ ချစ်ရမှာလား” ဆိုတဲ့
 ကောင်မလေးရယ်…
 ငါပျော်လို့ကဗျာတွေရေးနေတယ်…။ ။
ကဝေ
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
ဖတ်ရှု ခံစား အားပေးသွားတယ်ဗျ