Professional Authors

မရှိတဲ့ ခေါင်းစဉ်

စာအုပ် တအုပ် ဗလာမဲ့သွားခဲ့တယ်ဆိုရင်
လက်တစ်ချောင်း အသုံးမ၀င်တော့ဘူးတဲ့လား
မဲ့ရွဲ့စွာ ရယ်ပြခြင်းနဲ့ 
ရင်ခုန်သံတွေကို စုတ်ပြတ်သတ်စွာ
ထုဆစ်နေမိတယ်
အတ္တ ကို အရည်ထုတ်မိမှာတော့
မျက်လုံးတွေ မို့အစ်ရပြီးပေါ့
ဒဏ်ရာအလွဲတွေ ဆိုပေမယ့်လည်း
တကယ်ပါ
သိုးကို အမဲလိုက်တဲ့ မုဆိုးလို့
အထင်ခံရမှတော့
ငါ့ ပန်ချီးကားလည်း စုတ်ချက်တွေ 
ပျက်ခဲ့ရပြီးပေါ့(နာကျင်နေဆဲပါ)
ဒူးထောက်ရတာထက်
မတ်တပ်ရပ် လျက် ကျောပေးခံရခြင်းဟာ
တခန အသက်ရှုခြင်းရပ်တာထက်
တဘ၀လုံးနုတ်ယူသွားသလိုပဲ
သစ္စာတရားတွေဆိုတာ
ငါ့စာအုပ်ထဲက ထွက်မလာမှာတော့
သနားစရာ စကားလုံးတွေ
အောက်မှာ ပျောက်သွားပြီးပေါ့
တန်တယ်မတန်ဘူးဆိုထက်
ခံသင့်လို့ ငါ ခံရတာလို့ပဲအောက်မေ့လိုက်ပါတယ်…

  ap

In: ကဗျာ Posted By: Date: Apr 11, 2013
Comment #1

*_*

commentinfo By: ei lay at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment