Professional Authors

ကျန်ခဲ့သော သူသို့

ညနေခင်းတချို့
တိတ်တဆိတ်
ခရီးထွက်ကြလေရဲ့
ဘယ်လဲ လို့မေးတော့
ဧဒင်ဥယျာဉ်ကိုတဲ့
သူတို့တွေဟာ
သိပ်ပျော်စရာကောင်းတယ်
ရောင်စုံမီးတွေနဲ့
အလှဆင်ထားတဲ့ကောင်းကင်တွေ
ပိုင်ဆိုင်တယ်လေ
ပြီးတော့
သာယာတဲ့ ညနေခင်းက
တေးသွားတွေကို
လှပစွာ သီကြွေးနိုင်တယ်လေ…
သူတို့နဲ့ တွေ့ရတာကျွန်တော်ပျော်တယ်
တခြားလူတွေ လည်းပျော်တယ်
တချို့တွေက ကခုန်ကြလေရဲ့
တချို့တွေက ထိုင်နေကြလေရဲ့
တချို့တွေက လမ်းလျှောက်ကြနေလေရဲ့
ညနေခင်းက
ကျွန်တော်ကို မေးတယ်
မင်းပျော်လားတဲ့
ဒါနဲ့ မင်းကောင်မလေးကောတဲ့
သူမ ကျွန်တော်နဲ့ အတူ
ဧဒင် ဥယျာဉ် ဆီသို့ ပါမလာခဲ့ချေ…။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

if me,,don’t go nowhere.
coz i m afraid of ,,,,,coz i hate that kind of questions.

coz has any bf.
he,,he,,

commentinfo By: ei lay at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment