Professional Authors

နှစ်သိမ့်ခြင်း

တချက်တည်း ပြစ်တဲ့မြှားတစင်းမှာ
ငှက် နှစ်ကောင်စိုက်ဝင်သွားသလိုမျိုး
မင်းနဲ့ ငါ…
နှလုံးသားတစုံ ပေါက်ထွက်နာကျင်။
ဘယ်သူ့ ကိုဘယ်သူကမှ
အပြစ်ပြောခွင့်မရှိတဲ့ ကမ္ဘ္ဘာ။
သူ့ ဝင်ရိုးပေါ်တောင်
သူဟန်ချက်ထိန်းနိုင်မှာတော့
အရာအားလုံး
ငိုတလှည့် ပျော်တလှည့် 
ကောင်းတလှည့် ဆိုးတလှည့်
ဟန်ချက်ညီ နေမှာပေါ့။
                                 ၁၇/၁၁/၂၀၀၇

In: ကဗျာ Posted By: Date: Aug 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment