Professional Authors

မျက်ဝန်း (for major princess)

မျက်တောင်စီရီ
စုတ်ချက်ညီ၍
မျက်လုံးထောင့်စွန်း
ရွှန်းလဲ့လွန်း၍
မျက်စိစူးစူး
တိမ်းယစ်မူး၍
မျက်ရစ်ဝိုင်းဝိုင်း
ချစ်မြူစိုင်း၍
မျက်လုံးတောက်ပ
ဆွဲဆောင်လှ၍
မျက်သားမျက်ခမ်း
ပန်းရောင်သန်း၍
မျက်ခုံးချီချ
ညီညာလှ၍
မျက်ဆံနက်နက်
ညှို့ယူတတ်၍
မျက်သားဖြူဖြူ
မနောတူ၍
မျက်ရိပ်မျက်စောင်း
ချစ်ဖွယ်ကောင်း၏………

In: ကဗျာ Posted By: Date: Sep 14, 2013
Comment #1

🙂

commentinfo By: ei lay at Sep 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment