Professional Authors

မျက်ရည်တေး (အောင်ဝေး)

ကျွန်တော့်သားကပြောတယ်။
“ဖေဖေ …
ခွေးကလေး သေသွားပြီ …” တဲ့။
ခါတိုင်းညနေခင်းနဲ့ မတူ
ကျွန်တော့်သားရဲ့ မျက်ဝန်းမှာ
တိမ်တွေနိမ့်ဆင်းသွားပြီ။
ကျွန်တော် …
အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကို
အတောင်ပံ တပ်ပေးမိတယ်။
ပန်းတွေ လှပနေခဲ့သလား
ပြောပါ …။
လေညင်းတွေ ဝင်းပနေခဲ့သလား
ပြောပါ …။
နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ …။
ကမ်းပါးနှစ်ဖက်နဲ့ မြွေကို …
မမြင်ရ …။
ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ်။
တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ … နှင်းတွေပေါ့ …။

အောင်ဝေး
သရဖူ (၁၉၉၈ ဒီဇင်ဘာ)

/*ရွှေဝါပြည် မှာ ဖတ်ဖူးတာပါ။*/

Comment #1

ကြိုက်တယ် ဒီကဗျာလေး …

commentinfo By: lianno at Dec 23, 2010
Comment #2

နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ …။
ကမ်းပါးနှစ်ဖက်နဲ့ မြွေကို …
မမြင်ရ …။
ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ်။
တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ … နှင်းတွေပေါ့ …။

commentinfo By: အသဲကွဲ မိုး at Oct 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment