Professional Authors

ခေါင်းလောင်းလေး

အထပ်မြင့်တိုက်ခန်း ခေါင်းလောင်းဆိုတာကလဲ
အနီးပြော ဆက်သွယ်ရေးကရိယာ
ခေါင်းလောင်းကလေး မြည်လာတိုင်း
ခေါင်းငုံကြည့်ရတာလဲ မြေပြင်ကို ချစ်မြတ်နိုးမှုတစ်ခု
အဲဒီ ခေါင်းလောင်းလေးဟာ
သဘာဝ ပတ်ဝန်းကျင်ထိန်သိမ်းရေး
သောက်သုံးရေ ရရှိရေး
နာရေးသတင်း မိသားစု စားဝတ်နေရေး
ကျန်းမာရေး သတင်းစကားများ
ဝမ်းနည်းခြင်း ၀မ်းသာခြင်းတွေကိုလဲ သယ်ဆောင်ပေးတယ်။

အိမ်ကပို့လိုက်တဲ့ ပိုက်ဆံရောက်ရှိကြောင်းကို
ဒီခေါင်းလောင်ကလေးပဲ ပြောတာပဲ
ဧည့်သည်တစ်ယောက် ယောက် လာတိုင်း မြည်တတ်တာ
ဒါလဲ သူ့ရဲ့  စေတနာ အရင်းခံ
အိပ်မောကျနေတဲ့ အချိန်ဆို ဒင်းက မြည်တတ်တယ်
စိတ်ဆိုး ဒေါသထွက်လဲ သူမသိဘူး
သူက တစ်ယောက်ယောက် ဆွဲခါလိုက်ရင် မြည်ဖို့
တစ်ယောက်ယောက် တို့ထိလိုက်ရင် တုန်ခါဖို့
ဘယ်တော့မှာ ၀န်မလေးဘူး။

သူမမြည်တဲ့ နေ့ဆို ခြောက်သွေ့သလို
သူမြည်တဲ့ နေ့ဆိုရင်လဲ ကြောက်ရွံ့ ရတတ်တယ်
တနေ့ကပဲ သူမြည်တယ်
အဖိုး နာရေး သတင်းကို တစ်ပတ်နောက်ကျမှ
သူသိရသလို ကျွန်တော်လဲ သိရ
ကျွန်တော်က ဘယ်သူ့မှ အပြစ်တင်လို့မရသလို
သူကလဲ အပြစ်တင်ခံဖို့ မြည်ခဲ့တာ မဟုတ်ခဲ့ပြန်ဘူး။

သူ့ကို ချိတ်ဆွဲထားတဲ့ ကြိုးလေး ပြတ်ကျသွားတုန်းက
နှမြောတသဟန် မတွေ့ရ မမြင်ရ
ပြန်လည် ချိတ်ဆွဲ ချိန်မှာ သူ ပြန်လည်မြည်တယ်
သူ့ပျော်ရွှင်မှု လား သူ့ချိုမြိန်မှုလား
အခု ဆို သူနေ့စဉ် ရက်ဆက် မြည်တတ်နေပြီ
တစ်ခါ တစ်ခါ ဆို အလုပ်ခေါ်စာတွေလဲ ပါလာတယ်
တစ်ခါ တစ်ခါ ဆို ရည်းစားစကားတွေ ပါလာတယ်
တစ်ခါ တစ်ခါ ဆို အလျှင်လိုမှုတွေပါလာတယ်
တစ်ခါ တစ်ခါ ဆို စိတ်ဆိုးမှုတွေပါလာတယ်
…………

တစ်ခါ တစ်ခါဆို ……………………………..။  ။

မိုးသစ်ညို

Credit Go to  moethittnyo@MyanmarCupid Community Forum

In: ကဗျာ Posted By: Date: Sep 22, 2010
Comment #1

်ရင်ဘတ်နဲ့..ခံစားကြည့်သွားပါတယ်ရှင်.. 😀

commentinfo By: ရွှေငါး at Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment