Professional Authors

နာမည် (အောင်ဝေး)

ကျနော့်သားက မေးတယ်။

‘ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ’တဲ့။

မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။

ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။

အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
… … … …
… … … …။

အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။

ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
အောင်ဝေး
(၁၉၉၉)

Comment #1

ကောင်းကင်ရင့်ရင့်အောက်မှာ
ကိုယ့်နာမည်ရေးထိုးထားတဲ့ကြယ်
အဖေ ဖတ်တဲ့အခါ ကြည်နူးဖို့….အတွက်
ကျွန်တော်တို့တွေ….။

commentinfo By: John Moe Eain at Jul 21, 2010
Comment #2

ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။

commentinfo By: nwenyeinaye at Apr 30, 2012
Comment #3

like

commentinfo By: rocker at Jun 18, 2012
Comment #4

ကောင်းလိုက်တာဗျာ….

commentinfo By: တက်ခေတ် at Nov 20, 2012
Comment #5

နိမိတ်ပုံတွေ သိပ်ကောင်းတဲ့ကဗျာတစ်ပုဒ်ကို အကြိမ်ကြိမ်ဖတ်မိတယ်

commentinfo By: koko at Nov 20, 2012
Comment #6

ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။

commentinfo By: tawlaywa at Apr 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment