Professional Authors

မပြီးဆုံးသေးသော ဒီဇင်ဘာ

ဒီဇင်ဘာ ဟာ

နှင်းတွေအစား
အလွမ်းတွေပဲ တဖွဲဖွဲကျ၊

လမ်းတွေ ခုထိ ဝေခွဲ မရသူ တစ်ယောက်ကတော့
အလင်းမဲ့ အခန်းကျဉ်းထဲမှာ
ဒီဇင်ဘာတွေ စိုစို ရွဲရွဲ၊

ကမ်းမရှိဘူး ဒီဇင်ဘာ
လမ်းမသိဘူး ဒီဇင်ဘာ
……………………………….
……………………………….
………………………………..

ဖြူဖတ် ဆွံအ ငါ့ခြေ လက် တွေ
အရိုးပေါ် အရေတင် ငါ့ ခွန်အားတွေ
ကမ်း မသိလည်း ကူးခပ်နေဆဲ၊

လွမ်းမောဖွယ်ရာ အတိတ်တွေထဲမှာ .. ငါ
မပြီးဆုံးသေးဘူး
(မပြီးဆုံးနိုင်ဘူး)
အို…… ဒီဇင်ဘာ ။ ။

ဧဏီမင်း
၃၁.၀၁.၂၀၁၁

In: ကဗျာ Posted By: Date: Feb 8, 2012
Comment #1

လမ်းတွေ ခုထိ ဝေခွဲ မရသူ တစ်ယောက်ကတော့
အလင်းမဲ့ အခန်းကျဉ်းထဲမှာ
ဒီဇင်ဘာတွေ စိုစို ရွဲရွဲ၊

ကမ်းမရှိဘူး ဒီဇင်ဘာ
လမ်းမသိဘူး ဒီဇင်ဘာ

commentinfo By: May Kha at Feb 8, 2012
Comment #2

ကဗျာကအရေးအဖွဲ့ဆန်းတယ်
ဖတ်သွားတယ်ဗျာ ။

commentinfo By: X - ray at Feb 8, 2012
Comment #3

ta myo lay kaung par de.

commentinfo By: ei lay at Feb 8, 2012
Comment #4

ဖြူဖတ် ဆွံအ ငါ့ခြေ လက် တွေ
အရိုးပေါ် အရေတင် ငါ့ ခွန်အားတွေ
ကမ်း မသိလည်း ကူးခပ်နေဆဲ၊

commentinfo By: kantkawmg at Feb 8, 2012
Comment #5

ဒီဇင်ဘာ ဟာ

နှင်းတွေအစား
အလွမ်းတွေပဲ တဖွဲဖွဲကျ၊
ခံစားမှုကို.ရေးပြထားတာ.goodတယ်ဗျ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Feb 8, 2012
Comment #6

အားပေးပါတယ်…

commentinfo By: SoFarAwayFromU at Feb 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment