Professional Authors

ကိုယ်ပိုင် ဆည်းဆာ

ညနေခင်းလေး

ငါ့အိမ်ရှေ့လမ်းလေးကို အရောင်ချယ်ပေးပါ…

သီချင်းတစ်ပုဒ် လောက် စပ်ချင်လို့။

သူလာမဲ့လမ်းလေး

ငါ့အတွက် နားထောင်ပေးပါ…

သူ့အတွက် သီချင်းတစ်ပုဒ် ဆိုမလို့။

အိပ်တန်းပြန်ငှက်လေး

သူ့အတွက် သီချင်းတစ်ပုဒ်လောက် ပေးခဲ့ပါ.

သူ့ကို လက်ဆောင်ပေးမလို့…

ဆည်းဆာလေး..

သူလာတဲ့အချိန်လေးမှာ မျက်လုံးခဏလောက်

မှိတ်ပေးပါ…

ကိုယ့်အတွက် သူဟာ..ဒီလမ်းထဲမှာ..

ညနေခင်းတိုင်းရဲ့ ဆည်းဆာလေးမို့ပါ….

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment