Professional Authors

ကျေးဇူးရှင်ကြီး

သူဟာ

 

အပြုံးတွေကိုပိတ်ကားထက်မှာဆေးချယ်

မလိုချင်ရင် အမုန်းရောင်ပြောင်းတတ်တယ်

 

သူဟာ

 

ချိုချဉ်ဆန်ဆန်ပြဇာတ်တစ်ခန်းမှာ

လူကြမ်းနေရာကပါဝင်သရုပ်ဆောင်ဘူးတယ်

 

သူဟာ

 

တစိမ်းတရံသစ်ရွက်ချောက်ကြီးငယ်တွေကြားမှာ

ပျော်ပါးနှစ်ဝင် အသက်ရှင်ဘူးတယ်

 

သူဟာ

 

အစိမ်းရောင်နှုတ်ခမ်း ကကွက်ဆန်းတွေနဲ့

လူတွေကိုစိတ်ပြောင်း အဆိပ်လောင်းခဲ့ဘူးတယ်

 

သူဟာ

 

သံသယဟန်လွဲ အချစ်ဝဲတွေကို

ဟန်ဆောင်ကုတ်ဖဲ့ မယုံရင်လဲနေကြဟဲ့(တဲ့)

 

သူဟာ

 

ငါ့ချစ်သူ အလှဘုရား

မာယာသခင်ကျေးဇူးရှင်

ဧကန်အမှန်ဖြစ်ကြောင်းသိမှ

ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ညွတ်တွားကိုးကွယ်

ပူဇော်လိုက်ပါတယ်

အပြစ်ရှိသမျှကျေပါစေသား…..

 

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

he,,he,,,
a hman tway g pe,,
a yan kyike de,

commentinfo By: ei lay at Feb 3, 2012
Comment #2

he,,he,, P
hote pa,,hote pa,,,kyay zu shin g..

commentinfo By: ei lay at May 11, 2012
Comment #3

Yae yae le le kyike de.

commentinfo By: ei lay at Dec 24, 2012
Comment #4

2013 hmar le kyike

commentinfo By: ei lay at Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment