Professional Authors

ကိုယ်ပိုင်ကြယ်

သြ…ညီမလေးရယ်
သံယောဇဉ်ဆိုတာ
စားကောင်းတဲ့ ..အသီးတစ်လုံးမှမဟုတ်တာကွယ်
ဘာလို့ မက်မက်မောမော
ဖက်တွယ်ထားရတာလဲ

ဘာတဲ့ 
အချစ်ရှိရင် ပြည်စုံပြီဆိုသတဲ့လား.
ဘယ်မှာလဲကွယ်..
နင့်ကြည့်ရတာ မျက်ရည်နဲ့ မျက်ခွက်

အချစ်ဦးမို့ ပါတဲ့ လား
ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ 
လူတစ်ယောက်အတွက်
ငါ့ညီမ ရုပ်သေးရုပ်ဖြစ်နေပါလား

စိုက်ပျိုးသလောက်ပြန်ရတာ
အချစ်ပုံသေနည်းမဟုတ်တာတော့
သေချာပါတယ်

ပေးဆက်ခြင်းနဲ့ ချစ်သတဲ့ 
ဒါတွေ  ကိုယ်မှမပိုင်ဆိုင်တာကွယ်
အဲ့ ဒါတွေနဲ့ ကောချိုမြိန်နေလို့ လား

ရင်လေးတယ်..ညီမလေးရယ်

ကြယ်တစ်ပွင့်သာ အဖြစ်ခံပါ
ပြီးတော့ မိုင်ကုန်လောင်ကျွမ်းလိုက်စမ်း

ဘယ်တော့မှ ..ဘာအတွက်
ငိုကြွေးမနေပါနဲ့ 
ညီမလေး..ကြယ်တစ်စင်းဆိုတာ
သတိရပါကွယ်။   ။

လင်းတန်ဆောင်
25.1.2012

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

ကြယ်တစ်ပွင့်သာ အဖြစ်ခံပါ
ပြီးတော့ မိုင်ကုန်လောင်ကျွမ်းလိုက်စမ်း

commentinfo By: kantkawmg at Jan 25, 2012
Comment #2

ကဗျာလေး သိပ်ကောင်းပါတယ်ဗျာ
အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 25, 2012
Comment #3

သြ…ညီမလေးရယ်
သံယောဇဉ်ဆိုတာ
စားကောင်းတဲ့ ..အသီးတစ်လုံးမှမဟုတ်တာကွယ်
ဘာလို့ မက်မက်မောမော
ဖက်တွယ်ထားရတာလဲ

ဘာတဲ့ 
အချစ်ရှိရင် ပြည်စုံပြီဆိုသတဲ့လား.
ဘယ်မှာလဲကွယ်..
နင့်ကြည့်ရတာ မျက်ရည်နဲ့ မျက်ခွက်

အချစ်ဦးမို့ ပါတဲ့ လား
ဘယ်နှစ်ယောက်မြောက်မှန်းမသိတဲ့ 
လူတစ်ယောက်အတွက်
ငါ့ညီမ ရုပ်သေးရုပ်ဖြစ်နေပါလား

စိုက်ပျိုးသလောက်ပြန်ရတာ
အချစ်ပုံသေနည်းမဟုတ်တာတော့
သေချာပါတယ်

ပေးဆက်ခြင်းနဲ့ ချစ်သတဲ့ 
ဒါတွေ ကိုယ်မှမပိုင်ဆိုင်တာကွယ်
အဲ့ ဒါတွေနဲ့ ကောချိုမြိန်နေလို့ လား

ရင်လေးတယ်..ညီမလေးရယ်

ကြယ်တစ်ပွင့်သာ အဖြစ်ခံပါ
ပြီးတော့ မိုင်ကုန်လောင်ကျွမ်းလိုက်စမ်း

ဘယ်တော့မှ ..ဘာအတွက်
ငိုကြွေးမနေပါနဲ့ 
ညီမလေး..ကြယ်တစ်စင်းဆိုတာ
သတိရပါကွယ်။ ။ ရွေးထုတ်စရာမရှိအောင်တပုဒ်လုံးကြိုက်မိပါတယ်….အရမ်းလှတဲ့ကဗျာလေးပါပဲ

commentinfo By: sharon myorr myor at Jan 25, 2012
Comment #4

So cute….

commentinfo By: May Kha at Jan 25, 2012
Comment #5

thz so so much,
really really really thz u so so much

commentinfo By: ei lay at Jan 27, 2012
Comment #6

!_!
!_!
!_!
now i m unhappy,

commentinfo By: ei lay at Oct 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment