Professional Authors

တစ်ခြားနေရာကလူသားများ

ဘုရားဟောဘူးတဲ့
ဇာတ်တော်ထဲကလိုပဲ

တို့တွေဟာ
ကိုယ့် ကျောကုန်းက အနာကိုပြန်ခွါစားရင်း

သံသရာမှာအမြစ်တွယ်
ဖားလောင်းလေးတွေလိုရှင်သန်ေ

နကြတယ်

တတ်လို့လုပ်စားနေတာမဟုတ်ဘူးကွ
ငတ်လို့ ငတ်လို့ ဟဲ့

ဒီလိုပဲသူတို့ရေရွတ်နေကျစကားတွေ ပြန်အန်ချ
ပြီး ပြန်သောက်သုံးနေကြလေ၏

ကောင်းလေစွ

ချိုမြိန်သောသစ်သီးကိုစားလိုက်မိလို့ ရှော့တတ်သွားတဲ့
အာဒံနဲ့ ဧဝ အတွက် ဖြေဆေးမရှီသလိုမျိုး

အနာမသိဆေးမရှိတဲ့
တို့ဘဝတွေ
ဘယ်သူမြေမြှုပ်ပေးကြမှာလဲ

တောက် တစ်ချက်ခေါက်လိုက်တယ်

ငါ့ကိုငါပြန်နာနေတယ်ကွယ် လာမစမ်းလေနဲ့

ဒဏ်ရာဒဏ်ချက်တွေ နဲ့ငါ
မိုးမွှန်လို့ပြာကျသွားတယ်

ကောင်းကင်နဲ့ မြေကြီး အဆိပ်သင့်ပြီလော

ဆုတ်ကပ် ပျက်ကပ် တွေကြားထဲမှာ ငါဆောက်ထားတဲ့
လေထဲကတိုက်ကြီးငါပြန်ဖျက်နေတာ ငါမှားလားဟင်

လိင်တူဆက်ဆံနေတဲ့ခေတ်ကြီးမှာ ငါကိုငါအချစ်ဆုံးလို့ပြောမိတာ
ဒါရော ငါမှားလားဟင်

အရက်ကငါ့ကိုသောက်တယ်
ငါကငါ့ကိုသောက်တယ်
နောက်ဆုံးတော့အရက်ပဲမူးသွားတယ်

ကိုယ့်မာနကို ကိုယ်လျှာနဲ့ပြန်လျက်လိုက်တော့
တော်တော်ခါးသွားတယ်

စေတနာသည်လူတိုင်းနှင့်မတန်

ငါနဲ့လည်းမတန် ဘယ်သူနဲ့မှမတန်
အားလုံးနဲ့မတန်တဲ့စေတနာကို
ဘယ်သူ့မှအပေါင်းအသင်းမလုပ်ကြတဲ့နောက်ဆုံး
ငါပဲအိမ်ခေါ်ထားလိုက်ပါတော့မယ်

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment