Professional Authors

အသည်းကွဲရာသီ

ဖြူရောင်ဖျော့တော့နေတဲ့ငါ့ကောင်းကင်ဟာ အနောက်ဖက်ကိုပြန်ပြန်ရောက်သွားတယ် …
ဆောင်းညတွေပေါ့ …
ရင်ဘတ်မပါဘဲ လူဖြစ်လာရင်ကောင်းမယ်လို့ ကြီးမှ စဉ်းစားမိတယ် …
( အသည်းကလည်း ကွဲဟယ် လွဲဟယ်နဲ့မဟုတ်လား … )
ဖြစ်ချင်တာဖြစ်ဆိုတိုင်း လွဲမှာကြောက်တဲ့စိတ်ကလေးပါခဲ့သလို
မင့်ကို ငါချစ်တာလည်း အဲလိုပေါ့ …
သံယောဇဉ်ရေ … နင်ဟာ ဒုက္ခပါလားကွယ် …
သပွတ်အူလိုဆက်ဆံမှုတွေကြား … နီရောင်ရွှေရောင် မသိကျိုးကျွံပြုခဲ့တာ …
စောင့်ထိန်းလိုက်သမျှနေ့ရက်တွေဟာ နောက်ဆုံးအမှုန်ဖြစ်သွားတယ် …
ယတြာက ကျားလိုနေရမတဲ့ …
ငါက ကြားလိုနေခဲ့မိတာ …
အင်း မှတ်တောင် ထားရဦးမယ် … ။ ။

In: ကဗျာ Posted By: Date: May 12, 2010
Comment #1

အိုးး……….

commentinfo By: May Kgmahlay at May 12, 2010
Comment #2

ကောင်းပါတယ်။
ကြိုးစားပါ။

commentinfo By: silent heart at Jun 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment