Professional Authors

အိုင်းစတိုင်းရဲ့အမှား

အိုင်းစတိုင်းမှားပြီ…
ငါတို့ရဲ့ နေထိုင်မှုတွေ
ရုပ်ဝတ္ထု ဖြစ်တည်မှုတွေ
အရာဝတ္ထုတခုဟာ
အလင်းရဲ့အလျှင်နဲ့အတွေ့မှာ
ပိုမိုသိပ်သည်းသွားတယ်
ပိုမိုကြီးမားသွားတယ်
အခုတွေ့ရှိချက်တွေ ပြောင်းပြန်
ပိုမိုသေးငယ်သွားတယ်
အိုင်းစတိုင်းသိအိုရီအရ
လေယာဉ်တွေ မော်တော်ကားတွေ
အနုမြူဗုန်းတွေ ဒီလိုတွေ့ရှိချက်တွေမှာ
ငါတို့ နေထိုင်မှုတွေမှားနေပြီလား
အခုတော့ အဆင်ပြေနေပါတယ်
မှားတယ်ဆိုလည်းဘဲ
ဒီအမှားတွေမှာ ငါတို့ နေသားကျနေပြီ
ပြင်ဖို့ခက်သွားပြီ
ငါတော့ ဒီအမှားကို ရုန်းထွက်မရသေးဘူး
အိုင်းစတိုင်းရေ
ကျတော်လည်း အမှားတခုရှိတယ်
အခု ကျတော်ရဲ့ အမှားအတွက်
ကျတော် ခံစားချက်ကတော့
မဆုံးတော့ဘူးပေါ့……….။

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

ငါတို့ နေထိုင်မှုတွေမှားနေပြီလား
အခုတော့ အဆင်ပြေနေပါတယ်
မှားတယ်ဆိုလည်းဘဲ
ဒီအမှားတွေမှာ ငါတို့ နေသားကျနေပြီ
ပြင်ဖို့ခက်သွားပြီ ( ပြင်ချင်တဲ့စိတ်လေးပဲရှိရင်မခက်ပါဘူးလမင်းရေ)

commentinfo By: May Kha at Oct 4, 2011
Comment #2

ပြင်ဖို့ခက်တယ်….
ကျတော်တို့နေထိုင်မှုတွေ အသားကျနေပြီလေ……….

commentinfo By: laminpaing at Oct 5, 2011
Comment #3

hmar hman ti ye ne ma pyin tar hma tar p soe tar.

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment