Professional Authors

“အမှောင်တွင်းမှ”

ငါတို့…..

ဘာကိုမှမသိလိုက်ပဲရောက်လာခဲ့ကြ

 

ငါတို့……

လူဖြစ်ခြင်းအစကို အဓိပ္မါယ်မရှိတူုးဆွခဲ့ကြ

 

ငါတို့…..

အနုပညာဘာမှန်းမသိပဲ ပြောကြဆိုကြငြင်းခုန်ခဲ့ကြ

 

ငါတို့….

ထိုးကြသတ်ကြဗုံးခွဲကြ မဆိုင်တာကိုဆိုင်ခဲ့ကြ

 

ငါတို့…..

အရှက်တွေကိုဘေးဖယ်ခဲ့ ဂါရ၀တရားကိုကန်ထုတ်ခဲ့ကြ

 

ငါတို့….

မသိခဲ့တာတွေနဲ့ မရှိခဲ့တာတွေအပေါ် ဟန်ဆောင်ကောင်းခဲ့ကြ

 

ငါတို့….

သူများမျောတဲ့ရေစီးကို နားမလည်ပဲစီးမျောဖို့  ကိုယ့်ကိုယ်ကို ထိုးကျွေးခဲ့ကြ

 

ငါတို့ …..

မီးပျက်နေတာကြာပီ။။

 

မောင်မြတ်သူ(ခေတ္တ-လှည်းတန်း)

In: ကဗျာ Posted By: Date: Jan 10, 2012
Comment #1

mike de,
writing style ka ta myo lay..

but ei lay kyike bu,
he,,he,,nar ma le loh,,,

commentinfo By: ei lay at Jan 10, 2012
Comment #2

အိလေးရေ နောက်ကို ကျနော်နားလည်အောင်ရေးပါ့မယ် 😛
ဆိုလိုချင်တာက ကျနော်တို့ရဲ့သိစိတ်တွေ ကျနော်တို့ဘယ်အရာကိုသိသင့်တယ်ဆိုတာကို မသိတာတွေကိုပြောချင်တာပါ 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Jan 11, 2012
Comment #3

aww,,,
aww,,
hote,,,kyay zu,,,
nar le par p…
hote tar pe naw,,he,,he,,
no i can feel ur meaningful poem.

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment