Professional Authors

အကာ

ငါဆိုတဲ့ကောင်က ရင်တစ်ခြမ်းနာနေတောင်
အပြုံးမပျက်တဲ့ကောင်

နေကြာပန်းတွေကိုင်ပြီးစိတ်က

ူးယဉ်ချင်ခဲ့တယ်

အစေ့မပါတဲ့လွတ်လပ်ချင်းတွေငါ ဘာသာ
ဝါးစားထွေးထုတ်လို့

မျှော်လင့်ချက်က
အပိုင်း၅မရောက်ခင်မီးပျက်သွားတယ်

စုန်းမရေ ငါ့ကိုပြုစားဖို့
ဂါထာအသစ်တစ်ပုဒ်ကျက်ပါတော့

ပြတင်းပေါက်ကတိုးထွက်လာတဲ့လေညဉ်းတောင်
ငါ့ကိုညင်းရတာအားနာလာပြီ

အုတ်ကျွတ်ချပ်ပေါ်ကျလာတဲ့ရေစက်က
ငါ့ကိုတောက်ခေါက်နေတယ်
တစ်တောက်တောက်နဲ့

မြင်သမျှအကုန်ခါးနေလို့
ငါမျက်စိကိုသကြားတစ်ဇွန်းလောက်ခတ်လိုက်တယ်

နဖူးတွေ့ဒူးတွေ့ ခံရမှ
ချစ်ကောင်းနဲ့အငဲကိုယုံတော့တယ်

လိပ်ပြာလေးရယ်ပြန်လာပါ (လေချွန်သံ)

အခုခေတ်ကပြောင်းနေပြီ
ရင်ခုန်သံရအောင်ငါမျှားချိတ်မှာငါးစာ
တတ်ရတယ်တဲ့

အင်းမ်…

ဝဋ်လည်တယ်ဆိုတာဒါမျိုးလား

In: ကဗျာ Posted By: Date: Jul 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment