Professional Authors

ဗီဒီယို အခွေ

ဇာတ်လမ်းအဟောင်းကလေးကိုဒီကနေ့အစကပြန်ကြည့်ဖြစ်တယ်

ဘယ်လိုထောင့်ချိုးက ပုံဖမ်းကြည့်ကြည့်
ဝေးလာခဲ့ တာနဲ့အမျှ သေးသေးလေးသာ ကျန်ခဲ့ ဖြစ်ခဲ့တဲ့ မတော်တဆမှုတို့
ဘယ်လိုအတင်းဖန်တီးဖန်တီး ပျားရည်အိပ်မက်တော့ မဖြစ်နိုင် မရနိုင်။

မြတ်နိုးခဲ့မှုကို ဘယ်လိုမှတ်ကျောက်တင်တင် ရွှေအစစ်ဆိုခဲ့လည်း
တန်ဖိုးကိုပြခွင့်မရခဲ့တော့ ကျောက်မဲတုံးသာသာ။

သည်လိုမျိုးတဖက်သတ်ငြင်းဆိုနေခဲ့လို့ကတော့
မိုးမဆုံးမြေမဆုံးမှာ မောပြီးကျန်စာသာမို့
လည်ပြန်အကြည့်အထပ်ထပ်မှာ ရင့်ခဲ့အိုခဲ့။

တကယ်ပဲ ဆိုးဝါးလွန်းခဲ့ သတဲ့လား
စိတ်က ဖန်တီးတဲ့ ငရဲမှာ ပျောက်ခဲ့ ဆုံးခဲ့
နှစ်ဆယ့်ကိုး သုံးဆယ်လွန်စရွယ်။         ။

ဩမြိုင်

In: ကဗျာ Posted By: Date: Jul 23, 2010
Comment #1

ကျုပ်ကို မှတ်မိသွားပြီဟုတ်..။ နောက်လည်း လာခဲ့မယ် ။ 😛

commentinfo By: လင်းဒီပ at Jul 23, 2010
Comment #2

ဟုတ်ပါ့ ဟုတ်ပါ့ ကိုဝေဒရယ်

commentinfo By: wordsareflowingoutlikeendless at Jul 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment