0 ( edit )
ခေါင်းစဉ်မှာတွေ့လား ?
ဘာလေးလဲ ?
အဲဒါလေးက ဘာလေးလဲ ?
ဘာမှ မဟုတ်တဲ့ သုည တစ်လုံးရေးပြီး
Poemscorner က member များ
မျက်စိနောက် စရာ အမြင်ကပ်စရာ
အနှောင့်အယှက်ပေးသလို ဖြစ်သွားတဲ့
ကတုံးလေး ကို ကြည့်ပြီး
သင်ခန်းစာ အကြီးကြီး ယူကြပါ
ယူတတ်ရင် ရစရာ အပုံလိုက် ရှိသလို
မယူတတ်ပြန်ရင်လည်း ”မက်လောက်စရာ တစ်ကွက်မှမရှိ”
ရစရာ တစ်ခုမှ မရှိဘူးလေ…။
သုည တစ်လုံးရေးပြီး မေးခွန်းထုတ်ချင်
မန်ဘာသူငယ်ချင်း တစ်ယောက်မှ မဖြေနိုင်ရင်
ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပြီထင်
လုံးဝ မထင်လိုက်နဲ့
ရင်ဝ ဖိနပ်နဲ့ ဆောင့်ကန်ပစ်ဖို့ ကောင်းတယ်
ရင်ဝ ဖိနပ်နဲ့ ပိတ်ကန်ထည့်ခံရမယ်
သွား….
ကဗျာ ရေးချင်စိတ် မပါဘဲ
ကဗျာ ဖတ်ချင်စိတ် မပါဘဲနဲ့
ဆန္ဒ မရှိဘဲနဲ့
မင်း….. ကဗျာ ရေးမယ် ဖတ်မယ် မလုပ်နဲ့
မကြံနဲ့ . . . မစနဲ့ . . . ခြေလှမ်း မစနဲ့
မကြိုးစားနဲ့ . . . မကြိုးစားလိုက်ပါနဲ့
တကယ်ပဲ ရေးပြီ ဖတ်ပြီ ဆိုပါတော့
နောက်ဆုံးမှာ
Result = zero
နင်မသိတဲ့ ကဗျာ
ရေးချင်တိုင်း ရေး
ဖတ်ချင်တိုင်းဖတ်လို့
လွယ်ကူစွာ နားလည်နိုင်တဲ့ အရာမဟုတ်
သူက…
သာမန်လူတစ်ယောက် ဖတ်နိုင်
အဆင့်အတန်းမြင့် လူတစ်ယောက် ဖတ်နိုင် ဖို့
အရိုးစင်းဆုံး စာလုံး
ကာရံနဘေ အညီဆုံး နဲ့
ရေးဖွဲ့ထားသော စာရေးသူ၏
စိတ်ကို ဖတ်နိုင်သော စာဖြစ်သည် ။
ကိုယ်ခံစားရင် ခံစားကြသလောက်
ရေးဖွဲ့ ထားတတ်ကြသည် ။
ကတုံးလေး ရေးတဲ့ သုညတစ်လုံးမို့
အဖြေက . . . . .
ကတုံးလေးရေးတဲ့ သုညတစ်လုံး ပေါ့…။
ကျနော့်ကို အထင်အမြင် မလွဲမှားကြပါနဲ့
အထင်အမြင်လွဲမှားမှာ
အကြောက်ဆုံးပါ. . . .
အနုပညာရပ်ဝန်းဆိုတာ
အကျယ် ကြီးကြီး ပါ… ။
Comment #3
တော်တော်လေးခေါင်းစားတယ်
By: sawmyawadi at Mar 1, 2011




Comment #1
အဲဒါလေးက ဘာလေးလဲ ?
အဖြေမှန်ကို ၂၀၁၁ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့ မတိုင်ခင်
ဖြေပေးကြပါ poemscorner member ညီအစ်ကို မောင်နှမများ