မနက်ဖြန်
ဆိုးဝါးခြင်းများ ဝန်းရံခစားနေတယ်…
ကံမကောင်းခြင်းများ ခဏခဏတံခါးလာခေါက်တယ်…
အခက်အခဲဆိုးတာ ခြေချစရာနေရာမရှိဘူး…
ယုတ်ညံ့ခြင်းများ အထင်သေးခြင်းများနဲ့
လူပုံအလယ် ခေါင်းမဖော်ဝံ့ဘူး…
ဆိုးဝါးခက်ထန် ကြမ်းတမ်းတဲ့
ဝဲဂယက်ကြီးပေါ့ ဘဝဆိုတာ
ဒါပေမဲ့
ဒါတွေဟာ အတိတ်မှာကြုံခဲ့တာပါ…
ပစ္စုပ္ပာန်မှာ ခဏတာခံစားနေတာပါ
အခုကိုယ့်မှာ
ခြေရှိတယ်… လက်ရှိတယ်… ဦးဏှောက်ရှိတယ်
ဒါတွေအသုံးချဖို့…
ကိုယ့်မှာ… မနက်ဖြန်ရှိတယ်…
မနက်ဖြန်ရဲ့ အနာဂတ်ကိုတွေးကြည့်ပါ…
မနက်ဖြန်ရဲ့ အလင်းရောင်ကိုရှာဖွေကြည့်ပါ…
မနက်ဖြန်ရဲ့ မျှော်လင့်ချက်ကိုမွေးဖွားပါ…
မနက်ဖြန်အတွတ် အားတင်းလိုက်ပါ…
မျက်လုံးဖွင့်ပြီး ရှေ့တည့်တည့်ကြည့်လိုက်ပါ…
သာယာလှပနေတဲ့ မျှော်လင့်ခြင်းကောင်းကင်ကြီး…
ပြုံးလိုက်စမ်းပါ အားရပါးရပြုံးလိုက်စမ်းပါ…
ကံကြမ္မာကို ဟားတိုက်ရယ်မောလိုက်ပါ…
ပြီးရင် မနက်ဖြန်အတွက် ခြေတစ်လှမ်းစလှမ်းလိုက်ပါ…
အသက်ရှင်နေသေးသမျှ… မနက်ဖြန်ဆိုတာရှိနေသေးသမျှ…
မင်းမရှုံးသေးပါဘူး…
ပြာရည်
Comment #2
excellenttttttt
excellenttttttt
this poem encourages me alot,
                        By: ei lay at May 11, 2012
                    Comment #3
fighting
                        By: ei lay at Mar 2, 2013
                    



 
Comment #1
ပုံးလိုက်စမ်းပါ အားရပါးရပြုံးလိုက်စမ်းပါ…
ကံကြမ္မာကို ဟားတိုက်ရယ်မောလိုက်ပါ…
ပြီးရင် မနက်ဖြန်အတွက် ခြေတစ်လှမ်းစလှမ်းလိုက်ပါ…
အသက်ရှင်နေသေးသမျှ… မနက်ဖြန်ဆိုတာရှိနေသေးသမျှ…
မင်းမရှုံးသေးပါဘူး… မနက်ဖြန်ရှိနေသေးသရွှေ့မျော်လင့်ချက်ရှိနေအုံးမှာပါနော်