Professional Authors

ဟိုက်သံများ

ငါ့ ရင်ဘက်မှာချရေးလိုက်တာ
မင်းနာမည်နဲ့ချိတ်ဆက်ပြီးပါလာတဲ့ 
ရင်ခုံသံစည်းချက်တစ်စုံ
ပြီးတော့ 
ရယူပိုင်ဆိုင်လိုမှု့
လောကသဘာဝတရားအောက်က
ငါ့ ရဲ့ အတ္တ
ငါ့ အချစ်မှာဖြူစင်ခြင်းတွေက
ရာခိုင်နှုန်းတစ်ဝက်ပဲ
ရှိကောင်းရှိမယ်
ကျန်တစ်ဝက်ကမုသား
ဒါပေမဲ့ 
ယုတ်မာကောက်ကျစ်မှု့ မပါတော့ 
စင်းလုံးမချောတောင်
မင်းအတွက်
ရသမြောက်တဲ့ 
အိပ်မက်ကောင်းကောင်းတွေနဲ့ 
မနက်ဖြန်လှလှတွေ
ရှိနေနိုင်မှာပါ
ငါ …………..ချစ်ခြင်းကို
စည်းရိုးတစ်ခုထဲမှာ
ရှိမနေစေချင်ပေမဲ့ 
စည်းနဲ့ ကမ်းနဲ့ 
သ၀န်တိုခြင်းတွေမွေးဖွါးတက်တော့ 
မနေ့ ကခံစားချက်နဲ့ ဒီနေ့ ခန္နာကိုယ်ဟာ
လိုက်ဖက်မှု့ မရှိနိုင်လို့ 
သဟဇာတမမျှတဲ့ မင်းချစ်ခြင်းမှာ
ငါလက်ပစ်ကူးရင်း
မွန်း………ကျပ်……နေ….တယ်

                                                 မင်းလူန

In: ကဗျာ Posted By: Date: Jul 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment