Professional Authors

အလိုက်သင့် လူရဲ့ ပြယုဒ်

ချန်ထားလို့ ရတယ်
လောကသစ်တစ်ခုခုကိုဖန်တီးဖို့ လောက်တော့ 
အကြောင်းပြချက်များများမပြောနဲ့ သခင်
သူ့ နေရာနဲ့ သူမှာ
လိုက်လျောညီထွေဖြစ်တည်ပေးချင်ပေမဲ့ 
ဖြစ်ပြီးသမျှတွေကပျက်သွားတက်တော့ 
ကျိုးကြောင်းစီလျော်ခြင်းနိယာမတစ်ခုပြီးတစ်ခု
အသစ်ပေါ်ပေါ်လာတယ်။။။။။။။။။။
ကိုယ်ကျင့် တရားတွေက
ခါးဝတ်ပုဆိုးကိုခါးပတ်ပတ်ရမဲ့ ခေတ်လို
ခဏခဏကျွတ်ကျနေတက်သူတွေထဲ
အိမ်ပြန်ချိန်တိုင်း
လွမ်းတယ်လို့ 
မုသားချိုချိုသုံးမိတာ
ခွင့် လွှတ်ပေးလို့ ရတယ်မလား
မိုးခါးရေသောက်မှ
ယုံကြည်မှု့ က
လက်ထဲအမြဲတမ်းဆုပ်ကိုင်ရမယ်တဲ့ 
………………….
အဲ့ လိုငါ့ ရဲ့ ညဉ်းချင်းတွေဟာ
ပြောင်းပြန်စီးဆင်းတက်တယ်
ပြီးတော့ 
ဇောက်ထိုးမိုးမျော်
လွတ်ကျသွားခြင်းတွေကိုခဏခဏပြန်ျကောက်ရင်း
ငါ ကိုယ်တိုင်ပြန့် ကြဲနေပြီသခင်။။။။။။။။။။။။။

မင်းလူန

In: ကဗျာ Posted By: Date: Sep 18, 2010
Comment #1

I like this poem

commentinfo By: thidangenge at Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment